ချစ်ပရိတ်သတ်ကြီးရေ ဂျပန်မလေးတစ်ယောက်လို့တောင် ထင်မှားလောက်တဲ့ အဆိုတော်ချောလေး maryကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူမကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမဲ့ သူရဲ့ကိုယ်ပိုင်သံစဉ်သီချင်းအေးအေးလေးတွေကို အသံသာသာယာယာလေး သီဆိုဖော်ဖြေတက်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြား လူကြိုက်များခဲ့တာဖြစ်ပါတယ်။အသံကောင်းရုံတင်မကပဲ ဂျပန်မလေးလို ချစ်စရာကောင်းသူလေးမို့ ယောင်္ကျားလေးပရိတ်သတ်တွေ အသဲစွဲဖြစ်နေရတာလည်းဖြစ်ပါတယ်။

သူမက ဂျပန်နိုင်ငံမှာ အများဆုံးနေထိုင်တာဖြစ်ပြီး မကြာခဏ မြန်မာပြည်ကိုပြန်လာတယ်လို့လည်းသိရပါတယ်။သူမရဲ့သီချင်းလေးတွေက လူငယ်ပရိတ်သတ်ကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Huawei Nova 3 / Nova 3 i launch event ပွဲတက်ခဲ့တဲ့ ဖက်ရှင်ပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။အနက်ရောင်ဂါဝန်ဖက်ရှင်လေးနဲ့လိုက်ဖက်ကာ အရမ်းချစ်စရာကောင်းနေတာတွေ့မြင်ရပါတယ်။

သူမဟာ အမြဲစမတ်ကျကျ ဝတ်ဆင်တက်ပြီး အမြဲစတိုင်လ်ကျလှပနေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် Maryရဲ့ ပွဲတက်ဖက်ရှင် ဒီဇိုင်းနဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။သူရဲ့ လှပတဲ့ ပွဲတက်ဖက်ရှင်ကိုတော့ Ahlatt Lumyang ကဖန်တီးပေးထားတယ်လို့လည်းဖော်ပြထားပါတယ်။Maryလည်း ဒီထက်မကအောင်မြင်မှုတွေ ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။