စက်တင်ဘာ၁၅ရက်နေ့က ပြုလုပ်ခဲ့တဲ့ အနီရောင်ဒီဗီဒီနဲ့နှုတ်ခမ်းနီ မိတ်ဆက်ပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းမေးခွင့်ကို အဆိုတော် နီနီခင်ဇော်မှကန့်သတ်ခဲ့ပါတယ်။ မီဒီယာများအား အဆိုပါကုန် ပစ္စည်းများနှင့်ပတ်သက်သည့် မေးခွန်းများသာမေးမြန်းရန် ကန့် သတ်ခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဝေဖန်မှုတော်တော်များများကိုလဲ ရင်ဆိုင်နေရပါတယ်။

စာနယ်ဇင်းများအား ဝေငှ ပေးသည့် အခမ်းအနားအစီအစဉ် စာရွက်တွင် မေးခွန်းအမေးအဖြေ အစီအစဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာ အမေး၊ အဖြေကဏ္ဍတွင် သာ မေးမြန်းနိုင်မည်ဖြစ်ပြီး အနီ ရောင်ဒီဗီဒီ၊ အနီရောင်နှုတ်ခမ်းနီ နှင့် မသက်ဆိုင်သော မည်သည့် မေးခွန်းမျိုးကိုမဆို ဖြေကြားမည် မဟုတ်ကြောင်း အသိပေးရေး သားထားခဲ့တာကိုတွေ့ရပါတယ်။

‘‘မေးခွန်းကို ကန့်သတ်ခံရတဲ့ အတွက် အ့ံဩတယ်။ တခြား တက်လာတဲ့ပွဲတွေမှာ ကန့်သတ်ခံ ရတာ တစ်ခါမှ မတွေ့ဖူးဘူး။ အဲ ဒီအတွက် ဒေါသလည်း ထွက် တယ်။ ပြီးတော့ မီဒီယာသမား တွေကိုခေါ်ပြီး သူပြောတာကိုပဲ ရေးရမယ်ဆိုတာမျိုးဖြစ်နေ တယ်။ ဘောင်ထဲကပဲ၊ ကန့်သတ် ထားတဲ့မေးခွန်းကိုပဲ မေးရမယ်ဆို တာကို မကျေနပ်ဘူး။ မီဒီယာကို စော်ကားတယ်လို့လည်း ခံစားရ တယ်’’ဟု အဆိုပါ စာနယ်ဇင်း မိတ်ဆက်ပွဲသိ့ု တက်ရောက်လာ သည့် သတင်းထောက်တစ်ဦးက ပြောသည်။

Source : 7Days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။