ထာဝရအမေ ဇာတ်ကား ရိုက်ကူးနေတဲ့ နေတိုးနှင့် ဝတ်မှုန်ရွှေရည်

မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်ဟာ "ထာဝရအမေ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပါတယ်။ ရိုက်ကူးနေစဉ်အတွင်းမှာပဲ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာသေသပ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အထူးအလေးထား စိတ်ဝင်စားခံနေရတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် နာမည်ကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီရဲအောင် အကယ်ဒမီမေသန်းနု အကယ်ဒမီနေတိုး အကယ်ဒမီဝတ်မှုံရွှေရည်တို့နှင့်အတူ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားတာတွေ့ရပါတယ်။

ဒီဇာတ်လမ်းဟာ ၁၉၅၆ ခုနှစ်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စာရေးဆရာကြီး ဒေါက်တာခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး ဆရာဝန်တစ်ယောက်ရဲ့ ဘဝကို အခြေခံကာ မိခင်မေတ္တာကြီးမားပုံကို ဖော်ညွှန်းရိုက်ကူးထားတဲ့ မိဘမေတ္တာဘွဲ့ဇာတ်လမ်း တစ်ပုဒ်လည်းဖြစ်ပါတယ်။ အရင်ခေတ်ရဲ့ အပြင်အဆင် ဝတ်စားဆင်ယင်မှုတွေကို ဒီရုပ်ရှင်ဇာတ်ကားမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မိခင် ဒေါ်ခင်ခင်အဖြစ်ပါဝင်ခဲ့တဲ့ မေသန်းနုကတော့ အဓိကဇာတ်ကောင် နေရာကနေ ပါဝင်ခဲ့ရတဲ့အတွက် အတော်လေး တာဝန်ကြီးတယ်လို့ပြောပါတယ်။ ဒီဇာတ်ကားကို အကယ်ဒမီ စင်ရော်မောင်မောင်က ရိုက်ကူးထားပြီး မိတ္ထီလာမြို့အထိ သွားရောက်ရိုက်ကူးထားကြောင်း သိရပါတယ်။

ကြီးမားတဲ့ မိဘမေတ္တာကို ဖော်ကြူ းထားတဲ့ ဒီဇာတ်ကားကြီးရုံတင်ပြီဆိုရင်တော့ ပရိသတ်တွေရင်ထဲမှာ ထာဝရအမေ ဇာတ်ကားနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာကျန်ခဲ့မယ် ဆိုတာကိုတော့ သေချာနေပါပြီ……

#ထာဝရအမေ

အမေ့ရဲ့ရုပ်ရည်ဟာ

ဆံဖြူ သွားကျိုး ခါးကုန်းနေပေမယ့်

ပါးရည်တွန့်လိပ် အိုမင်းရင့်ရော်နေပေမယ့်

သားသမီးအပေါ်ထားရှိတဲ့ မေတ္တာကတော့

ထာဝရနုပျိုဆဲ ထာဝရရှင်သန်ဆဲပါ ………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။