သူတို့နှစ်ယောက် နဲ့ အကယ်ဒမီ

အနုပညာလောကထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာပြီး သူမတို့ရဲ့ ငယ်ရွယ်လှပမှု သရုပ်ဆောင်ပီပြင်မှု ကိုယ်ပိုင်ဟန်အမူအရာ တို့ကြောင့် ပရိသတ်ရင်ထဲ ရောက်လာသူနှစ်ယောက်ကတော့ ဖွေးဖွေး နဲ့ ဝတ်မှုံရွှေရည် ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ညီမဝမ်းကွဲ တော်စပ်ကြပြီး အနုပညာသက်တမ်းနုစဉ်မှာပဲ အကယ်ဒမီ ဆိုတွေ ဆွတ်ခူးနိုင်ခဲ့သူတွေဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာ ကိုယ်စီနဲ့ ရပ်တည်နေတဲ့ သူမတို့ နှစ်ယောက်ဟာ အသက်အရွယ်ကလည်း မတိမ်းမယိမ်း အနုပညာလောကထဲ ဝင်လာတာကလည်း ရှေ့ဆင့်နောက်ဆင့် အကယ်ဒမီတွေကလည်း သူတစ်နှစ် ကိုယ်တစ်နှစ် ဆိုတဲ့အတွက် အနုပညာလောကရဲ့ အပြိုင် သဖွယ်ဖြစ်နေကြပါတယ်။

အခုလို အကယ်ဒမီရာသီ နီးပြီဆိုရင်လည်း သူတို့ ပရိသတ်တွေအကြား 'ဖွေးစိန်လေး ရမှာ' 'ဒီနှစ်တော့ ကစ်ကစ်ရမှာ' ဆိုတဲ့ သံပြိုင်ဟစ်သံတွေ ပေါ်ထွက်လာတတ်စမြဲပါပဲ။ ယခုနှစ် ၂၀၁၆ အကယ်ဒမီဆုပေးပွဲကြီးလည်း နီးလာပြီဖြစ်တဲ့အတွက် တစ်နှစ်တာ အတွင်း ရိုက်ကူးထွက်ရှိထားတဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာတော့ 'ချစ်လှစွာသော အမုန်း' ဆိုတဲ့ အောင်ရဲလင်း သက်မွန်မြင့် ဝတ်မှုန်ရွှေရည် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးဟာ ကျိန်းသေးပေါက် အကယ်ဒမီဇာတ်ကားကြီး ဖြစ်လာမယ်ဆိုပြီး ပရိသတ်တွေက ပြောဆိုထားကြပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်နဲ့ လိုက်ဖက်အောင် သဏ္ဍလုပ် သရုပ်တူအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဝတ်မှုန်ရွှေရည်ကိုလည်း ဒီဇာတ်ကား နဲ့ အကယ်ဒမီရနိုင်တယ်ဆိုတဲ့ ရင်ခုန်သံစကားတွေ ပေါ်ထွက်လို့လာခဲ့ပါတယ်။ ဝတ္ထုဆရာမ ပုညခင် ကိုယ်တိုင်က ချီးကျူ းခဲ့တဲ့ အမုန်း(ဝတ်မှုံ) ဟာ ဇာတ်ကောင်နဲ့လိုက်ဖက်အောင် သရုပ်ဆောင်နိုင်ခဲ့မှုတွေကြောင့် ပရိသတ်တွေကတော့ အကယ်ဒမီသုံးထပ်ကွမ်း ဝတ်မှုံရွှေရည် ဖြစ်လာမယ်ဆိုပြီး ထစ်ထစ်ချ ပြောဆိုခဲ့တာတွေ ကိုလည်း တွေ့ရပါတယ်။

ဒီနှစ်ထဲမှာ ဖွေးဖွေး အနေနဲ့ကတော့ ရုပ်ရှင်ကားကြီးထွက်ရှိမှု နည်းပါးနေပြီး ရှေ့နှစ်တွေမှာတော့ အမျိုးသမီး ဇာတ်ဆောင်ဆု နှစ်ခါတိတိ ရရှိထားသူဖြစ်ပါတယ်။ ပထမဆုံး စရိုက်တဲ့ ပွဲဦးထွက် "လက်ပံ" ဇာတ်ကားမှာပဲ အကယ်ဒမီ တန်းရခဲ့တာဖြစ်ပြီး ကြည့်ဖူးသူတိုင်း ဖွေးစိန်လေးရဲ့ အနုပညာစွမ်းရည်ကို သိပြီးသား ဖြစ်ကြမှာပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ "ရိုက်လိုက်ပါအုန်း ဒုန်း ဒုန်း ဒုန်း" ဆိုတဲ့ ဟာသကားကြီး တစ်ကားမှာသာ တွေ့ခဲ့ရတာဖြစ်တဲ့အတွက် ဒီနှစ်အကယ်ဒမီဟာ ဖွေးဖွေး မရနိုင်ဘူး ဆိုတဲ့ ဝမ်းနည်းသံတွေလည်း ပေါ်ထွက်လာပါတယ်။

ဒါပေမယ့်လည်း ဘာကိုမှ အတိအကျ မပြောနိုင်သေးတဲ့အတွက် ဒီနှစ်မှာ ဘယ်သူက အကယ်ဒမီရပြီး အကယ်ဒမီသုံးထပ်ကွမ်း ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ စောင့်မျှော်ကြတာပေါ့ ပရိသတ်ကြီးရေ…………

Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။