အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့ စည်သူမောင်

အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့ စည်သူမောင်ဟာ သူ့ရဲ့ကောင်မလေးနဲ့ ချစ်သူသက်တမ်း ၇ နှစ်အကြာမှာ မိဘတွေရဲ့ သဘောမတူညီမှုကြောင့် ခိုးပြေးခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်

၁၉.၈.၂၀၁၄ ခုနှစ်တုန်းက နှစ်ဦးသဘောတူ မရမ်းကုန်းတရားရုံးက တရားသူကြီး ရှေ့မှောက်မှာ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး Pilot Resort မှာနေထိုင်ခဲ့ကြတယ်လို့ သတင်းများအရ သိရပါတယ်။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ရက်အနည်းကတော့ စည်သူမောင်ရဲ့ အမျိုးသမီးဖက်ကနေ အချက်အလက်အမှားတွေနဲ့အတူ နို့တစ်စာပေးပို့လာခဲ့ပြီး ကွာရှင်းခွင့်တောင်ခံလာတယ်ဆိုတဲ့သတင်းတစ်ပုဒ်ဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရပါတယ်။ စည်သူမောင်၏ ပြောပြချက်တွေအရတော့ ကြီးကြီးမားမား အိမ်ထောင်ရေးပြသနာမရှိဘဲ ယခုလို ပြု လုပ်လာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ အခုအချိန်မှာတော့ စည်သူမောင်ကလည်း သူ့ရဲ့ဂုဏ်သိက္ခာနဲ့ သူမလုပ်ခဲ့တဲ့အရာတွေရဲ့ အမှန်တရားအတွက် တရားရင်ဆိုင်မယ်လို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီလိုတွေဖြစ်လာတဲ့အတွက် စည်သူမောင်တစ်ယောက် အိမ်ထောင်ရေးကို စိတ်ပျက်သွားပြီလား အိမ်သူသက်ထားကို ငြို ငြင်ခဲ့ပြီလား ဆိုတာကိုတော့………

"သူနဲ့ပဲပြန်ဆုံချင်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ ကိုးနှစ်ကျော်က သူလည်း သာမန်ကျောင်းသူလေး(ဘာဝန်ကြီး သမီးမှ မဟုတ်သေးတဲ့အချိန်) ကျွန်တော်လည်း သာမန်ကောင်လေး (စည်သူမောင် ရယ်လို့ ဘယ်သူမှ မသိသေးတဲ့အချိန်) တဲ့ ဘဝကိုပြန်ရောက်ပြီး သူနဲ့အတူတူရှိနေချင်ပါသေးတယ်။ အဲ့ဒီတုန်းက ဘာနဲ့မှနှိုင်းလို့မရတဲ့ အကြီးမားဆုံးအရာတွေ ပိုင်ဆိုင်ထားကြတယ်လေ။ အဲ့ဒါက သူအချစ်ရဆုံးသူက ကျွန်တော် ကျွန်တော်အချစ်ရဆုံးသူက သူ ။ အဲ့ဒီဘဝ အချိန်လေးကိုပဲ ပြန်လိုချင်ပါတယ်" လို့ ပြောထားပါတယ်။

ဒီလိုသတင်းမျိုး ကြားရတဲ့အတွက် စည်သူမောင်အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ် ပရိသတ်ကြီးရေ

Source: Oasis

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။