True Beauty အပါအဝင် ရုပ်ပြကာတွန်း ကို ပြန်ရိုက်ထားတဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲများ

//s9.kh1.co/9f/9f2439071af71b59ae42f9968a639bf40b22a259.jpg
ရုပ်ရှင် အညွှန်း

 ၁၅-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

.

ကိုရီးယားပရိသတ်တွေကြားမှာ မန်ဟွာ (manhwa) လို့ ခေါ်တဲ့ ရုပ်ပြကာတွန်းတွေက အရမ်းခေတ်စားပါတယ်။ အဲဒီလို မန်ဟွာတွေကို သူတို့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Webtoon မှာ ဖတ်လို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/ce/ceea79bc11aa0f0388785df0d9e0c3575d0d80b3.jpg

မန်ဟွာတွေက ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိလာပြီလဲဆိုရင် ခုနောက်ပိုင်း မန်ဟွာစီးရီးကို အခြေခံပြီး ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲလေးတွေပါ ရှိနေပါပြီ။ နာမည်လည်း ကြီးပါတယ်။ အခု ပြောပြချင်တာက အဲဒီလို ရုပ်ပြကာတွန်းကို ပြန်လည်ရိုက်ကူးထားတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေအကြောင်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/2e/2e8e44fc1d35640d9c6c683ebadec4f4a89f1c8d.jpg

1. True Beauty

၂၀၂၀ မှာ ကြည့်ခဲ့ရတဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးဟာ နာမည်ကြီး မန်ဟွာကို ပြန်ရိုက်ထားတာပါ။ မင်းသမီး မွန်းဂါယောင်းရော မင်းသားလေး ၂ ယောက်ပါ အရမ်းချစ်ဖို့ ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a9/a93b2af31aa723aa6061685c64b52eb40910959f.jpg

2. All Of Us Are Dead

မနှစ်ကမှ ထွက်ပြီး အရမ်းနာမည်ကြီးသွားတဲ့ ဇွန်ဘီကားလေးကလည်း ရုပ်ပြကာတွန်းစီးရီးကို ပြန်ရိုက်တာပါ။

https://s9.kh1.co/__image/w=450,h=281,q=100/3f/3f9008cb01966ce00b3da56c0611004c24ec59da.jpg

3. Nevertheless

မင်းသမီးချောလေး ဟန်ဆိုဟီးနဲ့ Song Kang တို့ရဲ့ စောင်ကိုက်ကြည့်ရအောင် ရိုတဲ့ ဒရာမာလေးကလည်း မန်ဟွာရှိပါတယ်တဲ့နော်။ 

https://s9.kh1.co/__image/w=450,h=225,q=100/6f/6f8594a6e253d000e45548f563331493edce89d5.jpg

4. Love Alarm

ဒါက အထက်တန်းကျောင်းသူကျောင်းသားတွေ အကြောင်းပါပဲ။ ကင်ဆိုဟွန်း၊ Song Kang နဲ့ ဂျန်ဂါရမ်းတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ကို ရိုက်ကူးထားတာပါ။

https://s9.kh1.co/__image/w=450,h=225,q=100/db/db496e1e6b33cd161890897d1cd769192f947c8a.jpg

5. My ID is Gangnam Beauty

၂၀၁၈ တုန်းက ထွက်တဲ့ ဒရာမာလေးကလည်း နာမည်ကြီး မန်ဟွာကို ရိုက်ထားတာပါ။ ကိုရီးယားရဲ့ အလှအပအပေါ် ခံယူချက်တွေအကြောင်း မြင်ရမှာပါ။

https://s9.kh1.co/__image/w=450,h=225,q=100/1b/1b97d48239e65610f3798dd54b74576efebd291e.jpeg

6. Sweet Home

ဒီဘက်နှစ်ပိုင်း အက်ရှင်နဲ့ ဇွန်ဘီကားတွေ ခပ်စိပ်စိပ် ရိုက်လာကြတယ်နော်။ ဒီကားကလည်း မန်ဟွာပဲတဲ့။

https://s9.kh1.co/__image/w=450,h=225,q=100/6e/6ecaadd78918f81593276c5e97e3a1a6c1af9cfa.jpg

7. Yumi's Cells

ဇာတ်လမ်းနာမည်ကြားတာနဲ့ ပြေးမြင်မိတာတော့ ကင်ဂိုအွန်းရဲ့ ရှေ့ဆံပင်ပါပဲ။ ဒီ ရိုမန့်ကားလေးကလည်း ကာတွန်းကို ပြန်ရိုက်တာပါ။

https://s9.kh1.co/__image/w=450,h=225,q=100/5c/5ca25c9babf2cbe429a9b7b0284d586bdea52b08.jpg

8. Hellbound

ကမ္ဘာအဝှမ်း hit ဖြစ်ခဲ့တဲ့ အက်ရှင်ကားကြီးကလည်း မန်ဟွာကို ပြန်ရိုက်တယ်ဆိုတာ သိရတော့ အံ့သြစရာပါပဲ။ ကိုရီးယား အနုပညာလောကကတော့ တကယ် လိုက်မမီတော့ပါဘူ

https://s9.kh1.co/__image/w=480,h=300,q=100/55/557473fa70ab1792e1b927b3be5e84aa04456ee2.jpg

Ref : https://www.cbr.com/best-k-dramas-webtoon-adaptations/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T