သားသမီးနှစ်ယောက်ရဲ့ ဘဝရှေးရေးအတွက် လုံခြုံမယ့်နေရာလေးကို မိခင်ကိုယ်တိုင် လာရောက်အပ်နှံသွားခဲ့တဲ့ ရင်နင့်စရာ ဖြစ်ရပ်လေး

//s9.kh1.co/93/93efbd2b929f28e8c05e3652b6da49949452ea98.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော တစ်နှစ် က

.

လတ်တလောမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့တဲ့အရှိန်နဲ့ ဆိုးရွားလှတဲ့ နိုင်ငံရေးအခြေအနေတွေကနေ ဖြစ်ပေါ်လာခဲ့တဲ့ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို ပြည်သူတွေများစွာက ကြုံတွေ့ခံစားနေရတာ ဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေတွေမှာ တချို့ မိသားစုတွေရဲ့ ကြေကွဲရင်နင့်စရာ အဖြစ်လေးတွေကို တွေ့မြင်ကြရပါတယ်။ ဒီလိုကြေကွဲစရာလေးတွေမှာ မိသားစုလေးတစ်စုရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးကလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe

ဒါကတော့ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ်ထဲက မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာလေးကို အသက်(၂)နှစ်နှင့်(၇)နှစ်အရွယ် မောင်နှမ(၂)ဦးအား မိခင်ဖြစ်သူကိုယ်တိုင် ရင်နင့်စွာ လာရောက်အပ်နှံသွားခဲ့တာ ဖြစ်ပါတယ်။ မြဆည်းဆာဆရာတော်ကတော့ မောင်နှမနှစ်ဦးရဲ့ ခိုင့်မာတဲ့ ဘဝရှေးရေးအတွက် စာချုပ်စာတမ်းနဲ့ အပြီးအပိုင် မွေးစားစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe
Photo Credit - Zin Moe

မိခင်ဖြစ်သူဟာ ခက်ခဲလာတဲ့ အခြေအနေကြားမှာ သားသမီးနှစ်ယောက်နဲ့အတူ ဘဝကို ရုန်းကန်နေခဲ့ရပြီး အခက်ခဲဆုံး အခြေအနေတစ်ခုကို ဖြတ်သန်းခဲ့ရတာလို့ သိရပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် တို့တက်နိုင်မယ့် ဆရာတော်ဘုရားရဲ့ ဂေဟာလေးကို လာရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ သားသမီးတွေကို လမ်းပေါ်မှာ စွန့်ပစ်ခဲ့တာထက်စာရင် ဘဝရှေးရေးအတွက် အကောင်းဆုံးနည်းလမ်းကို မိခင်အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားထံမွေးစားဖို့ အပ်နှံခဲ့တဲ့ မောင်နှမနှစ်ယောက်အတွက် အနာဂတ်တွေ တောက်ပလာအောင် ပရိသတ်တွေကလည်း ဆုတောင်းပေးလိုက်ပါဦးနော်။

https://s9.kh1.co/__image/w=600,h=981,q=100/08/08d5e62f420f9cb1244400ca5c8096d056d698ea.jpg
https://s9.kh1.co/__image/w=600,h=1097,q=100/cc/cc961a697041851f4aaf809e8f316bf37ad64667.jpg
https://s9.kh1.co/__image/w=600,h=800,q=100/14/14e96713331ea2dfcc918f3b296e4bf57413c9a4.jpg

သတင်း အရင်းအမြစ်Source - Zin Moe

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload