Mask မတပ်တဲ့ ခရီးသည်ကြောင့် ပျံသန်းမှု တစ်နာရီကြာပြီမှ ပြန်လည်ဆင်းသက်လာခဲ့တဲ့ လေယာဉ်

//s9.kh1.co/38/3864cd6851ae7f28104c876dce47c24eede1807c.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

လန်ဒန်သို့ ဦးတည်လာတဲ့ အမေရိကန်လေကြောင်းလိုင်း လေယာဉ်သာ မိုင်ယာမီမှ ထွက်ခွာပြီး တစ်နာရီခန့်အကြာတွင် Mask တပ်ရန် ငြင်းဆိုခဲ့တဲ့ ခရီးသည်းတစ်ဦးကြောင့် ပြန်လှည့်လာခဲ့ကြောင်း လေကြောင်းလိုင်းက ပြောပြခဲ့ပါတယ်။ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ Boeing 777 ဟာ မီယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည ၉ နာရီ ၂၄ မိနစ်တွင် ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း အမေရိကန်လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ Curtis Blessing က အီးမေးလ်တွင် ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/19/1902177692aa35c5534684842d90a00a15948e5d.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/ce/ce40bb79c34bb8df898384c9f1b17ef013b39d3a.jpeg

Miami-Dade ရဲဌာနမှ အရာရှိများဟာ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးဟု ယူဆရတဲ့ ခရီးသည်ဟာ လေယာဉ်ပေါ်ကနေ ထိခိုက်မှုမရှိဘဲ ပြန်ဆင်းလာခဲ့ကြောင်း သိရှိရပါတယ်။ အဲ့နောက် ဌာနပြောရေးဆိုခွင့်ရှိသူ Argemis Colome က ခရီးသည်ကို ဖမ်းမမိကြောင်းနှင့် ရဲများက အဆိုပါဖြစ်ရပ်ကို နှောင့်ယှက်တဲ့ဖုန်းခေါ်ဆိုမှုအဖြစ်တစ်ခုလိုပဲ သဘောထားခဲ့ကြတယ်လို့ ပြောကြားခဲ့ပါ‌ေသးတယ်။

https://s9.kh1.co/__image/w=400,h=225,q=100/4a/4ae761f8340b9e3a950eb5ee3ea5d209c18cfa3f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/92/926a964c075a3548b720370f2cec7c750d947a3f.jpg

Blessing က ခရီးသည်အား လေကြောင်းလိုင်း၏ ပျံသန်းခွင့်မပြုသော ဖောက်သည်များစာရင်းတွင် ထပ်လောင်းစုံစမ်းစစ်ဆေးမှုများ ထားရှိထားကြောင်း Blessing မှ ပြောကြားခဲ့သည်။ လေယာဉ်ထဲတွင် ခရီးသည် ၁၂၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးပါရှိပါတယ်။ ခုလိုလေယာဉ် ပြန်ဆင်းသက်မှုကြောင့် ခရီးသွားများကို အခြားလေကြောင်းများပေါ်တွင် ကြိုတင်စာရင်းသွင်းထားခဲ့ပါတယ်။ "သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု အတွက် ကျွန်တော်တို့ အဖွဲ့သားတွေကို ကျေးဇူးတင်ပြီး အဆင်မပြေမှုအတွက် ခရီးသည်တွေကို တောင်းပန်ပါတယ်" လို့ တာ၀န်ရှိသူများက အီးမေးလ်ဖြင့် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/81/81f9d34cad519586d2ddb93aa4b3b21d0abf1808.jpg

သတင်း အရင်းအမြစ်Gulf News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T