ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာလ (၅) ရက်နေ့က မိသားစုတစ်စု တောင်ယာသွားလုပ်ပြီး နေအိမ်သို့အပြန် ၎င်းတို့အိမ်ရှေ့အရောက်မှာ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် မိခင် အသက်ဆုံးရှုံးခဲ့ရပြီး၊ အသက် (၂) နှစ်အရွယ် သမီးငယ်မှာ ဦးခေါင်းပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ခြေထောက်တစ်ဖက်လည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုဆိုးရွားတဲ့ ဖြစ်ရပ်လေးကို ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ကလေးငယ်ဟာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအပြင်အထန်ရထားပေမယ့် အသက်အန္တရယ် မစိုးရိမ်ရတော့ဘူးလည်း ကြားသိရပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း ခြေထောက်တစ်ဖက်နဲ့ မိခင်ဖြစ်သူကို ဆုံးရှုံးခံရတဲ့ သမီးငယ်လေးအတွက် ယူနီဆက် က မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်လာခဲ့တာ တွေ့ရပါတယ်။


ဒါ့အပြင် ယူနီဆက်ဟာ သက်ဆိုင်ရာအဖွဲ့အစည်းများက မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပေးဖို့ ဆန္ဒပြုထားပြီး နောက်ထပ် မိုင်းအန္တရယ်နဲ့ မကြုံတွေ့ရအောင် မိသားစုတွေနဲ့ ကလေးသူငယ်များအား အသိပညာများပေးရန် မိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ရေးသားချက်တွေမှာ ပါရှိတာတွေ့ရပါတယ်။


သတင်း အရင်းအမြစ်៖ Source - UNISEF Myanmar