အာရှနိုင်ငံတွေမှာ တောရိုင်းဆင်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာတော့ ထိုင်းနိုင်ငံဟာ အတော်လေးကို ချီးကျူးလေးစားစရာပါ။ ယခုမှာလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီ - မုဆိုးထောင်ချောက်အတွင်း ဖမ်းမိပြီး အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် ပစ်ခတ်ခံထားရတဲ့ သုံးလသားအရွယ် ဆင်ကလေးတစ်ကောင်ကို ကယ်တင်ကုသပေးနိုင်ခဲ့တာကြောင့် ကြာသာပတေးနေ့က ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။



"ကြည်လင်သော ကောင်းကင်ဟု အဓိပ္ပာယ်ရသော “ဖာဆိုင်း” လို့နာမည်ပေးထားတဲ့ဆင်လေးကို ကယ်ဆယ်ရေးသမားတွေက ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ထောင်ချောက်အတွင်း ဖမ်းမိခဲ့တဲ့ ဆင်လေးကို တနင်္ဂနွေနေ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မုဆိုးများရဲ့ ပစ်ခတ်မှုကြောင့် ဆင်လေးဟာ ပခုံးနဲ့ ခြေထာက်တွေမှာ ပြင်းထန်တဲ့ သေနတ်ဒဏ်ရာများ ရရှိနေခဲ့တာပါ။



အဆိုပါ ဆင်လေးကို ဆေးကုသပေးခဲ့တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် Padet Siridumrong က "ကျည်ဆံအပိုင်းအစကြီးတစ်ခုကို ထုတ်ယူနိုင်ခဲ့ပြီး နောက်မှာတော့ သေးငယ်တဲ့အပိုင်းအစနှစ်ခုကို ထုတ်ယူနိုင်ခဲ့ပါတယ်"လို့ပြောပါတယ်။Fahsai ရဲ့ဒဏ်ရာတွေက ကျည်ဆံအပိုင်းအစတွေကို ထုတ်ယူဖို့အတွက် ခွဲစိတ်မှု လုံလောက်စွာခံနိုင်လာတဲ့ နေ့စဉ် ပြုစုကုသရမှာပဲဖြစ်ပါတယ်။ ဆင်လေးရဲ့ မိခင်ဆင်ကို မတွေ့ရှိမှီအချိန်မှာတော့ ချောင်နွတ်ခရိုင်ရှိ Nong Nooch အပူပိုင်းဥယျာဉ်အတွင်းရှိ အခြားဆင်မကြီးမှာ နို့တိုက်ကျွေးမှာဖြစ်ပါတယ်။ ယခုဆိုရင်တော့ သေနတ်ဒဏ်ရာများနဲ့ မုဆိုးထောင်ချောက်ထဲရောက်ခဲ့ပေမယ့် ဆင်လေးကတော့ အသက်ရှင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Reuters