ရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့အတူ ဒီဇင်ဘာမှာ နိုင်ပွဲနဲ့ စတင်ခဲ့တဲ့ ယူနိုက်တက်

//s9.kh1.co/8f/8fcf437726075f0eb15c7cc736e2635420e5992b.jpg
အားကစားသတင်းများ

 ၀၃-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

မန်ချက်စတာ ယူနိုက်တက်ဟာ ယာယီ နည်းပြသစ်ရှေ့မှောက်မှာ ဒီဇင်ဘာမှာ နိုင်ပွဲ နဲ့ စတင် ဖွင့်လှစ် နိုင်ခဲ့ပါပြီ။ ရော်နယ်ဒို၊ဆန်ချို ၊ရက်ဖို့စ်တို့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အာဆင်နယ်ကိုဧည့်ခံပြီး ပွဲကြည့်ပရိသတ်တွေကို ပျော်ရွှင်မှုရသတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲစဥ်မှာတော့ ပွဲအစ (၁၇) မိနစ်မှာပဲ အာဆင်နယ်က ဦးဆောင်ဂိုးရရှိခဲ့ပါတာ။ နိက်တက်ဂိုးသမားဒီဂီယာ ယူနိက်တက်ကစားသမား ဖရက်နဲ့အချင်းချင်း ထိခိုက်မိပြီး လှဲကျနေခဲ့တဲ့အချိန်ကို အခွင့်ကောင်းယူပြီး အာဆင်နယ်ကစားသမား စမစ်ရိုးက တိုက်ရိုက် ကန်သွင်းခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ယင်းနောက်မှာတော့ ယူနိက်တက်က ပိုဖိအားပေးကစားနိင်ခဲ့ပြီး ပွဲချိန် (၄၄) မိနစ်အရောက်မှ ဖာနန်ဒက်က ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်း အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် (၅၂) အရောက်မှာ ရက်ဖို့စ်ရဲ့ ဖန်တီးပေးမူကနေတစ်ဆင့် ရော်နယ်ဒိုက ယူနိက်တက်အတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက် (၃) မိနစ်အတွင်းမှာပဲ မာတင်နယ်လီလှလှပပဖြတ်ချိုးဖန်တီးပေးလိုက်တဲ့ဘောလုံးကို အိုဒီဂတ်ကကန်သွင်းကာ ချေပဂိုးရယူ နိင်ခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ပွဲချိန်(၇၀) မိနစ်မှာတော့ ဖရတ်ကို အာဆင်နယ်ကစားသမား အိုဒီဂတ်ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ယူနိက်တက်က ပင်နာတီကန်ခွင့်ရခဲ့ပြီး ရော်နယ်ဒိုကပဲ အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ မန်ချက်စတာယူနိက်တက်အသင်းကတော့ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်ကို(၃.၂) ဂိုးနဲ့ အနိင်ရယူနိင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂိုး (၂) ဂိုး သွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို ကတော့ ကစားသမား ဘဝ သွင်းဂိုး (၈၀၁) ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

https://s9.kh1.co/__image/w=600,h=750,q=100/27/279af760498d8289537b053ba28bac3c84e35ef2.jpg
Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T