လမ်းမှာတွေ့တဲ့သူ ဒါမှမဟုတ် ကြုံတဲ့ Stream ဝင်ကြည့်ပြီးလည်းလှူ challenge တွေလည်းလုပ်ပြီး လှူနေတတ်တဲ့ ပရဟိတ YouTuber Mr.Beast ကို လူသိများကြပါတယ် ဒီတခေါက်မှာလည်း သူက အင်တာနက်တစ်ခုလုံးကို သူ့ရဲ့ နောက်ဆုံး Project တစ်ခုနဲ့ သိမ်းပိုက်လိုက်ပြန်ပါပြီ အဲ့ဒီ Project ကတော့ Real life Squid Game လို့ခေါ်တဲ့ Project ပါ ဒီ Project ထဲမှာ ကစားရတဲ့ ပြိုင်ပွဲဝင် အရေအတွက် ဆုကြေးတွေကအစ အကုန်အတူတူပါပဲ

Mr.Beast ဟာ ပြိုင်ပွဲနေရာတွေပါ အကုန်တူညီအောင် တည်ဆောက်ထားပြီးနောက် ပြိုင်ပွဲဝင်ပေါင်း 456 ယောက်နဲ့အတူ Real-life Squid Game ကို စတင်ခဲ့ပါတယ် အနိုင်ရရှိသူဟာ ဇာတ်ကားထဲကအတိုင်း $456000 ကိုရရှိမှာပါ ပထမဆုံး Red Light-Green Light ဂိမ်းမှာတော့ ကစားသူရဲ့ ကိုယ်ပေါ်မှာ Device တစ်ခုကို တပ်ဆင်ထားပြီး Red Light ဖြစ်နေတုန်း လှုပ်တာနဲ့ အဲ့ဒီ Device က ပေါက်သွားမှာပါ အဲ့ဒိဂိမ်းအပြီးမှာတော့ ကစားသမား 232 ယောက်ကျန်နေခဲ့ပါတယ်

ဒုတိယဂိမ်း သကြားပုံဖော်တဲ့ ဂိမ်းမှာတော့ ကစားသမားတွေကို ပုံမပြထားတဲ့ နေရာလေးခုရှေ့မှာ တန်းစီခိုင်းထားပြီးနောက်မှ ပုံတွေကို တစ်ခုချင်းစီ ပြပါတယ် ဇာတ်ကားထဲကအတိုင်းပဲ ကစားသူတွေက ၁၀ မိနစ်အတွင်း ပေးထားတဲ့ ပုံရအောင် အပ်နဲ့ ထွင်းယူရပါတယ် ဒီကစားနည်းကိုတော့ ကစားသူ 142 ယောက် အနိုင်ရခဲ့ပါတယ်
နောက်ထပ် လွန်ကြိုးဆွဲတဲ့ ဂိမ်းမှာတော့ တစ်သင်းကို 10 ယောက်နဲ့ 12 သင်း ဖွဲ့ပြီး ကစားခဲ့ကြပြီးနောက်မှာတော့ လူ 100 ကျော်ကနေ 60 ပဲ ကျန်ပါတော့တယ်

နောက်ဂိမ်းတစ်ခုဖြစ်တဲ့ ဖန်ဂေါ်လီတွေ ယူရတဲ့ ဂိမ်းမှာတော့ Mr Beast တော်တော်လေး ဉာဏ်ကောင်းပြခဲ့ပါတယ် တခြားသူဆီက 10 လုံးစလုံးကို လုနိုင်တဲ့လူ အနိုင်ဖြစ်တာကြောင့် စိတ်ကြိုက်လူနဲ့ မတွဲခိုင်းပဲ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့သာ အတွဲချပေးခဲ့ပါတယ် ဒီဂိမ်းပြီးပြီးနောက် စာအိတ်လှန်အောင်ရိုက်ရတဲ့ Ddakji ကစားနည်းကို ကစားခဲ့ကြပြီး နိုင်တဲ့သူတွေကသာ မှန်တံတားဂိမ်းကို ဆော့ခွင့်ရကြပါတယ်

မှန်တံတားပေါ်မှာ ဆော့ပြီးနောက်မှာတော့ 6 ယောက်သာ ကျန်ပါတော့တယ် ဒီနေရာမှာလည်း နောက်ဆုံးဂိမ်းမစခင် 6 ယောက်လုံးကို အသားကင် ကျွေးပါသေးတယ် နောက်ဆုံးဂိမ်းနေရာမှာတော့ Squid Game မဟုတ်ပဲနဲ့ Musical chair ဂိမ်းကို ဆော့ကြပြီး နောက်ဆုံးမှာတော့ အနိုင်ရသူပေါ်လာခဲ့ပါတယ်
ဒီ Project ကို Mr.Beast က Fake လုပ်ခဲ့တယ်လို့ ပြောနေကြသူတွေလည်းရှိပါတယ် ဒါပေမဲ့ You Tube ပေါ်က ဒီ Video ဟာ ထွက်ကာစ 4 ရက်အတွင်းမှာ တကယ့် Squid Game ထပ်တောင် Viewer ပိုများနေပါသေးတယ် ဒီ Project တစ်ခုလုံးက Fake ဖြစ်စေ တကယ်ဖြစ်စေ ကြည့်ရတာတော့ ပျော်စရာကောင်းတာမလို့ ပျင်းနေရင်တော့ YouTube ပေါ်မှာ သွားကြည့်လိုက်ကြပါ