House Of Gucci ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ အသေးစိတ်အချက်များ

//s9.kh1.co/8c/8ca338d50026bb7c3ba18bdea097e4590428e2b4.jpg
ဖျော်ဖြေရေးများ

 ၃၀-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

Gucci လို့ပြောလိုက်ရင်တော့ မသိတဲ့သူရှားပါတယ် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး စျေးအကြီးဆုံး Brand တွေထဲက တစ်ခုပါ နိုင်ငံတကာက ဖက်ရှင်ရှိုးပွဲတွေ Celebrities တွေရဲ့ ဖက်ရှင်တွေထဲမှာ မပါမဖြစ် Brand တစ်ခုပါ Gucci အကြောင်းကိုတော့ သိပ်အများကြီး မပြောနေ‌တော့ပါဘူး ခုပြောပြမဲ့ အဓိကအကြောင်းရင်းကတော့ လောလောလတ်လတ် ထွက်ရှိထားတဲ့ House of Gucci ဆိုတဲ့ ဇာတ်ကားအကြောင်းပဲ ဖြစ်ပါတယ် ဒါရိုက်တာ Ridey Scott ဟာ အမြဲတမ်း သူ့ရဲ့ ရူးချင်လောက်စရာ ဖန်တီးမူတွေနဲ့ ပေါ်လာတတ်သူတစ်ယောက်ဖြစ်ပြီး ဒီနှစ်မှာတော့ ပရောဂျက်နှစ်ခုနဲ့ သူပေါ်လာခဲ့ပါတယ် တစ်ခုကတော့ လူပြောအများဆုံးဖြစ်ပြီး လတ်တလောကမှ ထွက်ရှိထားတဲ့ House of Gucci အမည်ရ ဇာတ်ကားပါ တမူထူးခြားတဲ့ ခံစားမူတွေပေးဖို့အတွက် သရုပ်ဆောင်ကောင်းတွေလည်း ပါဝင်ထားပါတယ် ရုပ်ရှင်ရဲ့အကြောင်းက ကမ္ဘာပေါ်မှာ လူပြောအများဆုံးထဲက တစ်ခုအကြောင်းဖြစ်သလိုပဲ ဇာတ်ကားကလည်း လူတော်တော်များများ ပါးစပ်ဖျားမှာ ရေပန်းစားနေပါတယ် ဆက်ဖော်ပြပေးမှာက ဇာတ်ကားရဲ့ BTS အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးမှာပါ Spoiler အနည်းငယ် ပါဝင်နိုင်ပါတယ်

photo credit
photo credit

Lady Gaga ဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံး အဆိုတော်တွေထဲက တစ်‌ယောက်ဖြစ်ပြီး Bredley Cooper နဲ့အတူ A Star Is Born ဇာတ်ကားမှာလည်း သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချပြခဲ့ပါတယ် အဲ့ကားကြောင့်ပဲ သူမဟာ ဒီနယ်ပယ်မှာ နာမည်တစ်လုံးရလာခဲ့တာပါ Redley ဟာ သရုပ်‌ဆောင်တွေကို ုပ်ချင်တာ လုပ်ခွင့်‌ပေးတဲ့ နေရာမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာကြောင့် သရုပ်ဆောင်တွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ အခိုက်အတန့်တွေကို ကိုယ်တိုင် ဖန်တီးနိုင်ကြပါတယ် Lady Gaga ကလည်း ဒီကားထဲမှာ စိတ်ကြိုက်ပြင်ဆင်မူတွေ လုပ်ခဲ့ပါသေးတယ် ဇာတ်ကားထဲက “Father,Son,And house Of Gucci” ဆိုတဲ့ ဒိုင်ယာလော့ဟာ သူမထည့်သွင်းထားတာဖြစ်ပြီး ဒါရိုက်တာကလည်း သဘောကျတာကြောင့် အဆုံးသတ်မှာ ထည့်သွင်းခဲ့ပါတယ် 

photo credit
photo credit

သရုပ်ဆောင်တော်တော်များများ ဟာ သူတို့ရဲ့ ဇာတ်ကောင်တွေကို အကောင်းဆုံး သရုပ်ဆောင်ဖို့ ကြိုးစားကြတာကို တော်တော်များများ တွေ့လာရပါတယ် Robert De Niro,Heath Ledger နဲ့ Daniel Day-Lewis တို့လို အနည်းငယ်ကသာ ဒိလိုအပိုင်းမှာ ကျွမ်းကျင်ကြတာပါ Kady Gaga ကလည်း အဲ့လို ပုံစံမျိုး ကြိုးစားခဲ့ပုံပါပဲ သူမဟာ သရုပ်ဆောင်ရမဲ့ ဇာတ်ကောင်ပီပြင်စေဖို့ သူမရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Patrizia Reggiani လိုမျိုး ၉ လကျော် နေထိုင်ခဲ့တာကြောင့်ပါ

photo credit
photo credit

Lady Gaga ဟာ ဒီဇာတ်ကောင်အတွက် အသည်းအသန် ကြိုးစားခဲ့ပေမဲ့ သူ့ဇာတ်ကောင်ရဲ့ လူအစစ် Patrizia Reggiani ကိုတွေ့ဖို့တော့ ငြင်းဆန်ခဲ့ပါတယ် Patrizia က သူမလုပ်ခဲံတာတွေကြောင့် ထောင် ၁၈ နှစ်ကျခဲ့ပေမဲ့ 2016 ခုနှစ်မှာ ပြန်လွတ်လာပြီးပြီ ဖြစ်ပါတယ် သူမကိုမတွေ့တာ အဓိပ္ပါယ်ရှိတယ်ဆိုပေမဲ့ Gaga မှာနောက်ထပ် အကြောင်းပြချက်တစ်ခု ရှိပါသေးတယ် House Of Gucci ကို အသုံးချပြီး သူမလုပ်ခဲ့တာတွေကို ပြန်ဝမ်းသာနေမှာ စိုးလို့ပါတဲ့ 

photo credit
photo credit

နောက်တစ်ခုကတော့ ဇာတ်ကားထဲမှာ Lady Gaga နဲ့ Salam Hayek တို့ သရုပ်ဆောင်ရတဲ့ ရွံ့ရေစိမ်တဲ့ အခန်းမှာ မင်းသမီး Salam ဟာ တစ်ခါမှရွံ့ရေ မစိမ်ဖူးတာကြောင့် သူမအတွက် တော်တော်လေးကို စိန်ခေါ်မူများတဲ့ အခန်းတစ်ခန်း ဖြစ်ခဲ့ပါတယ်တဲ့ 

photo credit
photo credit

နောက်ဆုံးအနေနဲ့ ဒီဇာတ်ကားထဲမှာ Gucci ထုတ်ကုန်တွေသိပ်မပါတာကို သတိထားမိကြမှာပါ အဲ့အကြောင်းကို ဇာတ်ကားရဲ့ Costume ဒီဇိုင်နာ ရှင်းပြထားတာ ရှိပါတယ် သူပြောတာကတော့ 70 ခုနှစ်တွေတုန်းက Gucci ဖက်ရှင်တွေဟာ သိုးမွှေးကြမ်းထည်တွေနဲ့ အညိုရောင်တွေ များတာကြောင့်ပါ ဒါတွေက ဇာတ်ကားရဲ့ ဖက်ရှင်စံညွှန်းနဲ့ မကိုက်ညီတာကြောင့် ဖြစ်ပါတယ် သရုပ်ဆောင်တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အဝတ်ဗီရိုတွေရှိပြီး တော့ အဲ့အဝတ်တွေကပဲ ဇာတ်ကားရဲ့  အဝတ်အစားစတိုင်ကို အဓိက လွှမ်းမိုးထားတယ်လို့ ပြောပါတယ် သူဟာ ဇာတ်ကားတလျှောက် Gucci Brand ရဲ့ အကွေ့အကောက်တွေကိုလည်း ချပြချင်ခဲ့ပြီး တကယ်လည်း လုပ်ပြသွားနိုင်ခဲ့ပါတယ် 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T