Leak တွေကြောင့် Spider-Man သုံးယောက်ပါမယ်ဆိုတာ ပိုသေချာလာတဲ့ No Way Home

//s9.kh1.co/4b/4b009103284709a68d70841f4785af1357c29d77.jpg
ဖျော်ဖြေရေးများ

 ၂၇-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

No Way Home ဇာတ်ကားထဲမှာ Spider-Man သုံးယောက်လုံး ပြန်ပါမယ်ဆိုပြီး သတင်းထွက်နေခဲ့တာက တော်တော်လေးကြာပါပြီ Trailer ထွက်လာဖို့ကိုလည်း တော်တော်လေးစောင့်လိုက်ရပြီး ထွက်လာချိန်မှာလည်း အခုထိ Spider-Man သုံးယောက်ကို မပြသေးပါဘူး Leak ဖြစ်လာတဲ့ screenshot တွေ BTS ပုံတွေကြောင့်တော့ Trailer မထွက်ခင်ကတည်းက Spider-Man သုံးယောက်သေချာတယ်လို့ အားလုံးက ဆုံးဖြတ်ခဲ့ကြပြီးသားပါ အခုပြောပြပေးမှာကတော့ ပေါက်ကြားလာတဲ့ အခန်းတွေ TV Spot တွေ Product တွေအရ Spider-Man သုံးယောက်စလုံး ပါမယ်လို့ ‌သေချာသလောက်ရှိတာတွေကို ဖော်ပြပေးမှာပါ 

No Way Home Poster
No Way Home Poster

ဇာတ်လမ်းကတော့ သိပြီးသားအတိုင်း Mysteo ကြောင့် ပီတာပါကာက Spider-Man ဆိုတာ လူတွေသိကုန်ကြတာ ကြောင့် ပီတာပါကာ(Tom Holland) က Doctor Strange ဆီမှာ အကူအညီသွားတောင်းပါတယ် အဲ့လိုနဲ့ ပီတာပါကာက Spider-Man ဆိုတာ လူတွေမေ့သွားကြမဲ့အပြင် Multiverse ကြီးပါပွင့်သွားပြီး တခြား Universe က ဗီလိန်တွေ MCU ထဲ ရောက်လာကြပါတော့တယ်

ပထမဆုံးအခန်းကတော့ Doc Otto နဲ့ Spidy တို့တံတားပေါ်မှာချကြရင်း ပီတာမျက်နှာဖုံးကျွတ်သွားတဲ့အခါ “You are not Peter Paker”လို့ပြောလိုက်တဲ့ တစ်ခုဖြစ်ပါတယ် 

Photo Credit
Photo Credit

နောက်တစ်ခုကလည်း Doc Otto ပါပဲ သူရယ် Tom Holland ရယ် Doctor Strange ရယ် စကားပြောနေကြတဲ့ အခန်းတစ်ခုဖြစ်ပါတယ် Tom Holland ကသူသိတဲ့ ပီတာပါကာ မဟုတ်ကြောင်း'ပြောနေတာပါ

https://s9.kh1.co/__image/w=650,h=366,q=100/2e/2e6bbcc8bb0cb8637541b8bc512fa6109b3d1a5d.jpg

နောက်တစ်ခုကတော့ Electro နေရာမှာ သရုပ်ဆောင်တဲ့ Jamie Foxx ရဲ့ Instagram post တစ်ခုပါ caption ထဲမှာ #chasingspiders ဆိုပြီးရေးထားတာကြောင့် Spider-Man တစ်ယောက်ထပ်ပိုမယ်ဆိုတာ ပိုသေချာသွားပါတယ် 

photo from Jamie Foxx's Instagram
photo from Jamie Foxx's Instagram

နောက်တစ်ခုကတော့ BarkBox ရဲ့ No Way Home အတွက် collaboration လုပ်တဲ့ ဘူးခွံပေါ်မှာ Tom Holland ရဲ့ Spider-Man နောက်မှာ Toby Magurie ရဲ့ Spider-Man ကို မြင်ရမှာဖြစ်ပါတယ် 

BarkBox 
BarkBox 

နောက်ဆုံးတစ်ခုကတော့ ခုလောလောဆယ် တအားနာမည်ကြီးနေပြီး လူတကာ ဟာသလုပ်နေကြတဲ့ တစ်ခုပါ Trailer ထဲက နောက်ဆုံး Battle မှာ Sand Man နဲ့ Lizard က Tom Holland ဆီကိုလာနေကြတာ မဟုတ်ပဲ တခြားနေရာတွေကို သွားနေကြတာပါ အဲ့အပြင် ဘရာဇီးမှာပြတဲ့ Trailer မှာဆို Lizard ကြီးက ဘယ်သူမှမလုပ်ပဲ အထိုးခံလိုက်ရလို ခေါင်းလည်ထွက်သွားတာကြောင့် ဒီအခန်းမှာတင် Spider-Man သုံးကောင်ကို Edit လုပ်ထားတယ်ဆိုတာ ပိုသိသာလာပါတယ် 

https://s9.kh1.co/__image/w=650,h=367,q=100/22/22b19dc147a0c6ff361a787a1f665b18cfff4544.jpg

Sinister six ကိုမမြင်ရပေမဲ့ Universe အစုံက လူဆိုးတွေ ပိုကောင်းလာတဲ့ Look တွေနဲ့ Spider-Man သုံးကောင်တို့ကြောင့် Endgame လိုမျိုး အရမ်း Hype ခံနေရပြီး ထွက်လာရင်လည်း ဝင်ငွေအများကြီးကောင်းမှာ သေချာပါတယ် ထွက်ဖို့ ၃ ပတ်လောက်ပဲလိုတော့တဲ့ No Way Home ကိုမြန်မာနိုင်ငံမှာတော့ ရုံတင်ဖြစ်မှာ မဟုတ်တာကြောင့် Spider-Man သုံးကောင် ဗီလိန်တွေနဲ့ ဘာတွေဘယ်လို စခန်းသွားကြဦးမလဲဆိုတာ Spoiler တွေမမိအောင် တော်တော်လေး ကြိုးစားရှောင်ရှားရဦးမှာပါ 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T