ချင်းပြည်နယ်ဟားခါးမြို့တွင်ခရစ္စမတ်ပွဲတော်မလုပ်ဖို့ ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်ဖွဲ့က ဆုံးဖြတ်

//s9.kh1.co/5e/5e4f905b21bfceb3e0c11d0b1685d9b3cdf5c60f.jpeg
နေ့စဉ်သတင်းများ

 ၂၅-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ချင်းပြည်နယ်ဟားခါးမြို့တွင်ခရစ္စမတ်ပွဲတော်မလုပ်ဖို့ ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်ဖွဲ့က ဆုံးဖြတ်

ချင်းပြည်နယ်၊ဟားခါးမြို့နယ်တွင်နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ခရစ်စမတ်ပွဲတော်ရာသီကာလတွင်ပွဲတော်များမလုပ်ဆောင်တော့ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်အဖွဲ့မှ နိုဝင်ဘာလ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Google
Google

ထုတ်ပြန်ချက်ထဲတွင်ခရစ္စမတ်ရာသီလည်း ရောက်တော့မယ်။ပွဲတော်ကျင်းပခြင်းနှင့်အလှဆင်ခြင်းကိစ္စတွေမှာ အရင်နှစ်တွေကလို စည်စည်ကားကားကျင်းပရန်မသင့်ကြောင်း၊ကျနော်တို့ရဲ့သွေးချင်းညီအစ်ကိုဖြစ်တဲ့ ထန်တလန်မြို့က ပြည်သူအားလုံးမြို့ကိုစွန့်ခွာပြီး အိမ်တွေ မီးလောင်ပျက်စီးတဲ့ကြားမှာ ခရစ္စမတ်ပွဲကိုပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါလို့ ဖော်ပြထားပါတယ်။

Google
Google

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန်မိတ်သဟာယအဖွဲ့ကလည်း နိုဝင်ဘာလ၂၂ရက်နေ့က ဒီနှစ်ခရစ္စမတ်ပွဲတော်ကျင်းပမယ့်ကုန်ကျစရိတ်တွေကို ဒုက္ခခံနေရတဲ့အငယ်ဆုံးသောသူတွေအတွက်စိတ်အားထက်သန်စွာ ပါဝင်ပေးလှူကြဖို့အလေးအနက်ထားမေတ္တာရပ်ခံကြောင်းထုတ်ပြန်ထားပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T