ကျိုက် နဲ့ ရေလယ်ဘုရား ဖြစ်ရပ်လေးမှာ ဒီရေလှိုင်းနဲ့အတူ မျောပါသွားကြချိန် ရိုက်ကူးထားတဲ့ စိတ်မချမ်းမြေ့ဖွယ် ရုပ်သံဖိုင်

//s9.kh1.co/3c/3c7acb87954145a97fdd7e544b7ae68c7c1657a0.jpg
နေ့စဉ်သတင်းများ

 ၂၂-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ယမန်နေ့ သံဖြူဇရပ်မြို့နယ်က နတ်လမ်းပေါ်တဲ့ ဆံတော်ရှင် ကျိုက် နဲ ရေလယ်ဘုရား ပွဲတော်မှာ ကြွေကွဲစရာ ဖြစ်ရပ်လေးကြောင့် ကြားသိရသူတွေအဖို့ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘုရားပွဲကျင်းပချိန် တန်ဆောင်မုန်း လပြည့်ကျော် (၃) ရက်နေ့ မနက်မှာ အထင်အရှား တွေ့ရလေ့ရှိတဲ့ နတ်လမ်းပေါ်မှာ ဘုရားဖူးသူအများအပြားဟာ ကြိတ်ကြိတ်တိုး လမ်းလျှောက်နေရင်းကနေ ရုတ်တရက် ဒီရေတက်ပြီး လှိုင်းပုတ်ခံရမှုကြောင့် ရေနစ်သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit - လူမူကူညီရေးအသင်း
Photo Credit - လူမူကူညီရေးအသင်း
Photo Credit - လူမူကူညီရေးအသင်း
Photo Credit - လူမူကူညီရေးအသင်း

ကြားသိရတဲ့ သတင်းများအရ ဘုရာပွဲတာဝန်ရှိသူများက ဒီရေတက်နေပြီဖြစ်တာကြောင့် ဘုရားဖူးသူများအား ခေတ္တစောင့်စောင်းပြီးမှ ပြန်ကြသွားကြဖို့ ပြောကြားခဲ့ပေမယ့် နားထောင်မှုမရှိဘဲ ရင်ဘတ်ခန့်ရှိရေတက်နေတဲ့ နတ်လမ်းကို ဖြတ်ကူးနေရင်း လှိုင်းပုတ်ဒဏ်ကြောင့် လူအယောက်(၅၀)ခန့်ဟာ ရေနက်ရာဘက်သို့ လွင့်စင် မျောပါသွားခဲ့တာလို့ ကြားသိရပါတယ်။ ယမန်နေ့ကနေ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း စုစုပေါင်း (၁၅)လောင်းကို ရရှိထားပြီး ကျန်မျောပါပျောက်ဆုံးနေသေးတဲ့ သူတွေကိုလည်း လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေခဲ့တာပါ။

Photo Credit - လူမူကူညီရေးအသင်း
Photo Credit - လူမူကူညီရေးအသင်း
https://s9.kh1.co/__image/w=600,h=844,q=100/5d/5daa67c9a8b3d72b5f5909788b977ca2f49401b9.jpg

ယခုမှာလည်း ကျိုက် နဲ့ ရေလယ် ဘုရားပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး စိတ်မကောင်းစရာ ရုပ်သံဖိုင်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ ဘုရားဖူးလူအုပ်ကြီးဟာ ရင်ဘတ်ခန့်ရေနစ်မြုပ်နေတဲ့ နတ်လမ်းကိုဖြတ်ကူးနေချိန် လှိုင်းပုတ်မှုကြောင့် ရေနက်ပိုင်းထဲကို မျောပါပြီး ကူးခတ်နေကြတဲ့ စိတ်မကောင်းစရာမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ စိတ်မချမ်းမြေ့ဖွယ် ရုပ်သံဖိုင်ဖြစ်ပေမယ့် ပရိသတ်တွေ ပြန်လည်ကြည့်ရှုလို့ ရအောင်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T