ရန်ကုန်မြို့နယ်အချို့တွင် ယနေ့မီးပြတ်မည်

//s9.kh1.co/5b/5b78f73fea7ed3a218ca7dc0203d770e32da89fa.jpeg
နေ့စဉ်သတင်းများ

 ၁၆-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်မြို့နယ်အချို့တွင် ယနေ့မီးပြတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်မြို့နယ်တစ်ချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်လို့ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ထိုကြေညာချက်ထဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် 230/66/33kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားတဲ့  66kV သာကေတ - ပုသိမ်ညွန့် ဓာတ်အားလိုင်းနဲ့ 33 kV သာကေတ - ပုသိမ်ညွန့်  ဓာတ်အားလိုင်းတစ်လျှောက်တွင် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် အရှေ့ပိုင်းခရိုင်မြို့နယ်များဖြစ်တဲ့ သာကေတ၊ဒေါပုံ၊တာမွေ၊မင်္ဂလာတောင်ညွန့်၊ သင်္ကန်းကျွန်းမြို့နယ်များရဲ့ ရပ်ကွက်နေရာအချို့မှာ မနက် ၉နာရီမှစပြီး နေ့လည် ၁ နာရီအထိ  ယာယီဓာတ်အားပြတ်တောက်မည်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Photo Credit - Google
Photo Credit - Google

 အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် စီစဥ်ဆောင်ရွက်သွားမယ်််လို့လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေရှင်းကနေ ထုတ်ပြန်ခဲ့ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T