အကောင်းဆုံး သရုပ်ဆောင်တွေနဲ့ နာမည်အကြီးဆုံး မင်းသားမင်းသမီးတွေကိုပဲ ရွေးချယ်ထည့်သွင်းရိုက်ကူးခဲ့တဲ့Moon Lovers : Scarlet Heart Ryeo ဇာတ်လမ်းတွဲဟာ ကိုရီးယားမှာသာမက တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးအောင်မြင်ခဲ့တဲ့ဇာတ်လမ်းပါ။ ဒီလောက်အောင်မြင်မှုရရှိခဲ့တဲ့Moon Lover ဟာထွက်ရှိပြီး၅နှစ်ကြာသွားခဲ့ပေမယ့်အခုချိန်ထိ Season 2 မထွက်နိုင်ခဲ့ပါဘူး။Season 2 မထွက်ခဲ့တဲ့အကြောင်းအရင်းက၂ချက်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။
1. Ji Soo
၁အချက်က မင်းသားWang Jung အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားJi Soo ကြောင့်ပါ။Ji Soo ဟာ အရမ်းအောင်မြင်မှုရရှိနေချိန်မှာ အတိတ်တုန်းက ကျောင်းတွင်းအကြမ်းဖက်မှုမှာပါဝင်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကြောင့်တောင်ကိုရီးယားအနုပညာလောကကနေ ပျောက်ကွယ်လုနီးပါးအထိဖြစ်ခဲ့ပါတယ်။Ji Soo နဲပတ်သတ်ပြီး နောက်ဆုံးကြားခဲ့ရတဲ့သတင်းက ပြီးခဲ့တဲ့အောက်တိုဘာလ အစောပိုင်းမှာ စစ်မှုထမ်းရမယ်ဆိုတဲ့သတင်းပါပဲ။Ji Soo ဟာMoon Lover ထဲကဇာတ်ကောင်ဖြစ်တာကြောင့်Moon Lover Season 2 ရိုက်ကူးဖြစ်ရင်တောင်Ji Soo ပါချင်မှ ပါလာတော့မှာပါ။ပရိသတ်တွေကတော့Ji Soo သာရုပ်ရှင်ပြန်ရိုက်မယ်ဆို အမြဲတမ်းကြိုဆိုနေပါ့မယ်လို့ပြောထားပါတယ်။
2. Jo Min Ki
နောက်တစ်ယောက်က ဘုရင်ကြီးTaejo အဖြစ်ပါဝင်ခဲ့တဲ့ Jo Min Ki ပါ။Jo Min Ki က အနှစ်၂၀ကျော်သရုပ်ဆောင်အတွေ့အကြုံရှိတဲ့သူဖြစ်သလို တက္ကသိုလ်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
Jo Min Ki ဟာ၂၀၁၈ခုနှစ်က ကျောင်းသူလေးတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားတယ်ဆိုတဲ့အမှုနဲ့တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။အမှုရင်ဆိုင်ရပြီးနောက်မှာJo Min Ki တစ်ယောက်သူ့အပြစ်တွေကိုဝန်ခံခဲ့ပြီး တက္ကသိုလ်ကျောင်းဆရာရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။နောက်တစ်နေ့နံနက်၊၂၀၁၈ခုနှစ်မတ်လမှာJo Min Ki ကို သေဆုံးလျှက်တွေ့ရှိခဲ့ပါတယ်။ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာလို့ သိရပါတယ်။
ကျိန်စာအတိုက်ခံထားရသလိုဖြစ်နေတဲ့ သရုပ်ဆောင်အချို့ကြောင့် ပရိသတ်တွေကMoon Lover Season 2 ကိုဘယ်တော့မှရိုက်နိုင်တော့မှာ မဟုတ်ကြောင်းရိုက်ဖြစ်ရင်လည်းSeason 1 တုန်းကဇာတ်ကောင်တွေ ပါဝင်လာနိုင်တော့မှာမဟုတ်ကြောင်း သုံးသပ်ထားကြပါတယ်။