တောင်ကြီး - လွိုင်လင် ကားလမ်းမကြီးပေါ်မှာ အန္တရယ်ရှိနိုင်တဲ့ မြေကျင်းကြီးတစ်ခုဖြစ်ပေါ်နေလို့ ခရီးသွားယာဥ်တွေအတွက် သတိပေးလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/40/4032f5bbf27d1105890c6174559588b9380b30f4.jpg
နေ့စဉ်သတင်းများ

 ၂၅-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး - လွိုင်လင် ကားလမ်းမကြီးကို အသုံးပြုပြီး ခရီးသွားလာကြမယ့်သူတွေ သတိထားစေဖို့အတွက် လက်ရှိဖြစ်ပေါ်တဲ့ လမ်းရဲ့ အခြေအနေတွေကိုတာဝန်သိပြည်သူတစ်ယောက်က သတိပေး ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ တောင်ကြီး - လွိုင်လင် ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင် (၁၆၅/၆)အနီး လမ်းဘေးမှာ ခရီးသွားပြည်သူများအတွက် အန္တရယ်ဖြစ်နိုင်တဲ့ မြေကျင်းတစ်ခုဖြစ်ပေါ်နေတာပါ။

Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဆိုပါမြေကျင်းဟာ အတော်လေးကိုကြီးတာကြောင့် ခရီးသွားယာဥ်တွေ သတိထားစေဖို့အတွက် ခရီးသွားအချင်းချင်း သတိပေးထားတာရှိခဲ့ပါတယ်။ အဲ့ဒီ မြေကျင်းဖြစ်နေတာဟာ အောက်တိုဘာ (၂၄) ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပြီး ကားကြီးများ ဖြတ်သန်းသွားပါက လမ်းမြေကျွံနိုင်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အလျင်အမြန် ပြုပြင်ပေးဖို့ လိုအပ်ကြောင်းလည်း ပြည်သူများက ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload
Photo Credit -Original Upload

လက်ရှိမှာ မြေကျွံနိုင်တဲ့အဆိုပါနေရာကို ခရီးသွားယာဥ်တွေ သတိထားသွားလာအောင် ကျောက်ခဲများ၊ သစ်ကိုင်းများဖြင့် တားဆီးထားပြီး အမှတ်အသား ပြုလုပ်ပေးထားကြောင်းလည်း ကြားသိရပါတယ်။ တောင်ကြီး - လွိုင်လင် ကားလမ်းမကြီးဟာ ပြည်သူတွေ ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေတဲ့ လမ်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ အခြေအနေကို ခရီးယာဥ်များ ဖြတ်သန်း‌ မောင်းနှင်စဥ် လမ်းမြေကျွံနိုင်တဲ့ အန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြု မောင်းနှင်စေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Original Upload
Photo Credit -Original Upload
https://s9.kh1.co/__image/w=600,h=450,q=100/42/42511b75c819db3aaa18b663757886bbcd80203b.jpg

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T