မြန်မာနိုင်ငံဟာ သယံဇာတများ ၊သဘာဝအရင်းအမြစ်များပေါများကြွယ်ဝတဲ့အတွက် နိုင်ငံတကာက စိတ်ဝင်စားလေ့ရှိတဲ့ အာရှနိုင်ငံတွေထဲ တစ်နိုင်ငံအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့နေရာများစွာရှိတာကြောင့်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုများနေခဲ့ခြင်းဖြစ်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံ ၊ မန္တလေးတိုင်းဒေသကြီးရှီ ညောင်ဦးမြို့ ဟာ အာဆီယံနိုင်ငံများဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆု ကိုရရှိခဲ့ပါတယ်။ထိုဆုကိုမြန်မာနိုင်ငံအနေနဲ့ ယခုနှစ်မှာမှ ပထမဆုံးအနေနဲ့ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
ထိုဆုကို အာဆယံနိုင်ငံများရှိ မြို့ကြီးများအတွင်း နှစ်စဉ်နှစ်တိုင်း စိမ်းလန်းဖွံ့ဖြိုးပြီး နှစ်လိုဖွယ်ကောင်းသောမြို့များကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။(၂၀၂၁)ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းရှိ မြို့များကို သေချာ စီစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အရည်အချင်းပြည့်မှီသော ညောင်ဦးမြို့က ထိုဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။