မထင်မှတ်ထားတဲ့ အခြေအနေကနေ ဦးနှောက်သေဆုံးပြီး အသက်ပါ ဆုံးရှုံးသွားရသူ - Myanmarload

မထင်မှတ်ထားတဲ့ အခြေအနေကနေ ဦးနှောက်သေဆုံးပြီး အသက်ပါ ဆုံးရှုံးသွားရသူ

https://s9.kh1.co/6f/6f272811183ad9e354d6e3bfa7397487bb9f08c5.jpg
နေ့စဉ်သတင်းများ
 21-Oct-2021 2pm · 2 months ago

.

Staffordshire မှာနေထိုင်တဲ့ အသက် 47 နှစ် Paula Thompson ဟာ ကြေကွဲစရာကောင်းလှတဲ့ ပုံလေးတစ်ပုံကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။ Paula တင်ခဲ့တာကတော့ သူ့ရဲ့သမီးလေး Beccy Smith နဲ့အတူ နောက်ဆုံးရှိနေခဲ့တဲ့ ပုံလေးပဲဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေး Beccy ဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ ဆေးရုံတက်နေရတာဖြစ်ပြီး သူမရဲ့ဘဝရှင်သန်ဖို့အတွက် ရက်အနည်းငယ်လောက် ဆေးရုံမှာ ကြိုးစားနေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=634,h=651,q=100/4e/4ed8842526a0e873f04e6ec799bfdabadb07e637.webp
https://s9.kh1.co/__image/w=634,h=821,q=100/8f/8f6142dc5a17f2a04177205a6b3c9cd6f4691010.webp

ဒါပေမယ့် လေးရက်လောက်အကြာ စစ်ဆေးချက်ထွက်လာတဲ့အခါမှာတော့ ဆရာဝန်တွေရဲ့ပြောကြားချက်ဟာ အမေဖြစ်သူ Thompson အတွက် Shock ရသွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာဝန်တွေပြောခဲ့တာက သမီးလေး Beccy ရဲ့ဦးနှောက်ဟာ သေသွားခဲ့ပြီဖြစ်ပြီး ပြန်နိုးထလာနိုင်မှာ မဟုတ်တော့ဘူး ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အသက်ဆက်ရှင်သန်ခွင့်တောင် မရတော့ပဲ အသက်သေဆုံးသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=634,h=737,q=100/34/343ec89deaab0966dde2d1d0324b39b2a19a6ded.webp

သမီးလေးသေဆုံးပြီးတဲ့နောက် အမေဖြစ်သူ Paula ဟာ "သူမငါ့ဘဝထဲရောက်လာခဲ့တုန်းက ငါအရမ်းဂုဏ်ယူခဲ့ရတယ် အခုကလည်း သူမငါ့အနားကနေ ခဏတာထွက်သွားတယ်လို့ပဲ ငါတွေးပါတယ် ၊ တစ်နေ့မှာ သူမငါ့ဆီကို ပြန်လာမှာပါ ၊ သူမငါ့ကိုနောက်ဆုံး ပြောခဲ့တာက အမေ သမီးသေတော့မယ်တဲ့၊ ဒီစကားကို ငါတစ်သက်လုံးမေ့တော့မှာမဟုတ်ပါဘူး ၊ နောက်ပီး အခြားသူတွေကို ငါပြောချင်တယ် ပန်းနာရင်ကြပ်ရောဂါလေးပဲဆိုပြီး မပေါ့ဆကြပါနဲ့ ဒီကနေဆိုးရွားတဲ့ အခြေအနေတွေ ရောက်ရှိလာနိုင်တဲ့အတွက် သတိထားသင့်ပါတယ်" လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/52/5249fd0877844df3849df4fbef0ac09ca17b7beb.jpg

Paula အနေနဲ့လည်း ဘာမှမဖြစ်သလို စကားတွေအများကြီး ပြောခဲ့ပေမယ့် သူ့ရဲ့ရင်ထဲမှာတော့ အချစ်ဆုံးသမီးလေး ဘဝသေသွားတဲ့အဖြစ်ကို တွေးပြီး တနုတ်နုတ်နဲ့ ခံစားနေရမှာ အမှန်ပါပဲ။ သမီးလေးရဲ့ပါးလေးကို ကိုင်ပြီး ဘေးမှာလှဲလျှောင်းနေတဲ့ ပုံလေးကိုမြင်ရတာနဲ့တင် Paul ရဲ့ရင်ထဲက ပူဆွေးသောကတွေကို ခံစားမိနေပါတယ်။ ပရိသတ်တွေလည်း သမီးလေး Beccy လိုအဖြစ်ဆိုးမျိုးမကြုံရအောင် ပန်းနာရင်ကြပ်ရောဂါလေးပဲဆိုပြီး မပေါ့ဆပဲ သေချာကုသကြဖို့ တိုက်တွန်းလိုက်ပါရစေ။

https://s9.kh1.co/__image/w=650,h=954,q=100/22/221914948d226226b9cac545d2dc1be1bbf88adb.jpg
https://s9.kh1.co/__image/w=310,h=465,q=100/b3/b3c232444a973c2823fb3aaadf1d89b50962fbaf.jpg

သတင်းအရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်ဆောင်းပါး