Catwalk ဘုရင် လို့အများက သတ်မှတ်ထားတဲ့သူကိုပြပါဆိုရင်တော့ Sinon Loresca ကိုပဲ ပြရမှာဖြစ်ပါတယ်။သူဟာ ဒေါက်အမြင့်ကြီးတွေကို စီးပြီးအလွန်သက်သောင့်သက်သာဖြစ်တဲ့ပုံစံနဲ့ Catwalk လျှောက်ပြရာမှ နာမည်ကျော်ကြား အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။
သူဟာ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးဖြစ်ပြီး (၁၉၈၈)ခုနှစ်၊နိုဝင်ဘာ(၂)ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။သူဟာ ငယ်စဥ်ကတည်းက ဘဝကိုခက်ခဲပင်ပန်းစွာဖြတ်ကျော်လာရပြီး နွမ်းပါးသူများအပေါ်လည်း မောက်မာခြင်းမရှိပဲ အမြဲနွေးထွေးစွာ ပြုမူဆက်ဆံသူတစ်ဦးပါ။
သူဟာ အချိန်အတန်ကြာ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်ခဲ့ပြီး သိပ်မကြာခင်ကာလကမှ နေလို့မရတော့တဲ့ အခြေအနေတစ်ရပ်ကြောင့် ပြန်သွားခဲ့ရတာဖြစ်ပါတယ်။သူဟာ မြန်မာနိုင်ငံမှာရှိနေစဥ်ကလည်း နွမ်းပါးပြည်သူအချို့အတွက် နေ့စဥ်အလှူဒါနများပြုလုပ်ပေးခဲ့သူတစ်ဦးပါ။အခုလည်း သူ့ရဲ့ Facebookစာမျက်နှာပေါ်မှာ မကြာခင်ကျရောက်လာမယ့်မွေးနေ့မှာ သူ့လို ဘဝပေးကံမကောင်းသူများနှင့် အတူတူရှိချင်ပါတယ်လို့ ဆိုလာတာဖြစ်ပါတယ်။စိတ်ထားကောင်းတဲ့ Sinon တစ်ယောက် အမြဲ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။