ဒေါ်လာလေးသောင်းခွဲတန် ထီဆုကြီးကံထူးပြီးမှ ရေနစ်သေဆုံးသွားခဲ့ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရင်နာစရာဖြစ်ရပ်

//s9.kh1.co/1b/1ba0dd0454c15c1b25808ffa3c6bcd7184164088.png
နေ့စဉ်သတင်းများ

 ၃၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

..

အသက် (၅၇) နှစ်အရွယ် Gregory Jarvis ကို ပြီးခဲ့တဲ့ စက်တင်ဘာ (၁၉) ရက်နေ့တွင် Caseville ရှိကမ်းခြေတစ်ခုတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူဟာ ဒေါ်လာလေးသောင်းခွဲတန်ထီဆုကြီးကိုကံထူးခဲ့သူဖြစ်ပြီး ကံထူးခဲ့တဲ့ငွေတွေကို မထုတ်ယူခင်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ငွေထုတ်ယူဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် မထုတ်ယူနိုင်ခဲ့စဉ်မှာပဲ အခုလိုအဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သေဆုံးခဲ့တဲ့သူ့ရဲ့ရုပ်အလောင်းနဲ့အတူ သူ့ပိုက်ဆံအိတ်ကိုလည်းတွေ့ရှိခဲ့ပြီး ပိုက်ဆံအိတ်ထဲမှာတော့ သူကံထူးခဲ့တဲ့ဒေါ်လာလေးသောင်းခွဲတန်လက်မှတ်ကိုလည်း တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီဆုငွေကိုထုတ်ယူပြီးရင် မိသားစုနဲ့အတူခရီးတွေသွားဖို့ အစီအစဉ်ချထားခဲ့ပြီး အခုလိုကံထူးခဲ့တာကိုလည်း သူနဲ့သူ့မိသားစုက သိပ်ပျော်နေကြောင်း မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ ထီဆုကြီးပေါက်ခဲ့တာကြောင့် အပျော်လွန်ပြီး အရက်သောက်ကာ ကမ်းခြေသွားရာမှ အခုလိုသေဆုံးခဲ့တာဖြစ်ကြောင်း Daily Mail သတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သူသေဆုံးပြီးနောက် စက်တင်ဘာ (၂၂) ရက်နေ့မှာ သူ့ရဲ့သူဌေးဖြစ်သူဟာ အလုပ်ကိုမရောက်လာတာ ကြောင့် Gregory Jarvis ကို လာရောက်ရှာဖွေခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုရှာဖွေပြီး (၂) ရက် အကြာမှာတော့ Caseville ရှိကမ်းခြေတစ်ခုမှာ Jarvis ကို သေဆုံးလျက်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲအရာရှိ Kyle Romzek က သေဆုံးသူရဲ့အနီးအနားမှာလှေတစ်စီးရှိနေတာ ကြောင့် အရက်မူးကာလှေပေါ်တက်ရင်း ခြေချော်ကျစဉ် လှေနဲ့ရိုက်မိပြီး ရေထဲကျကာ အသက်ဆုံးရှုံးနိုင်ခြေရှိတယ်လို့သုံးသပ်ခဲ့ပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သတင်း အရင်းအမြစ်Daily Mail's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T