လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်တွေမှာ ရှမ်းလက်ကိုင်နှစ်ဖွဲ့တို့အကြား တင်းမာမှုတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူအများအပြားလည်း စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ရဲ့ ဒဏ်ကိုခံစားနေရတဲ့အပြင် ယခုမှာလည်း ကျောက်မဲမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကြောင်း ကြားသိရပါတယ်။



စတင်ဘာလ (၁၉)ရက်နေ့ မနက်ပိုင်းလောက်က မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာကနေ ကျောက်မဲမြို့လည်ခေါင်က နမ့်စမ်းငေါင်းချောင်းဘေးက အမှတ်( ၆ )ရပ်ကွက်နှင့် အမှတ်( ၈)ရပ်ကွက်တလျှောက်မှာ ချောင်းရေများလျှံလာခြင်းကြောင်း အနီးအနားက လူနေအိမ်များအထိပါ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။


ယခင်က ရေမဝင်ခဲ့ဘူးတဲ့ လူနေအိမ်များပါ ချောင်းရေများ ဝင်ရောက်မှုဖြစ်ပေါ်နေပြီး အနိမ့်ပိုင်းရှိ အချို့နေအိမ်များမှာ ဒူးဆစ်အထိ ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးရွာသွန်းမှုမရှိတော့ပေမယ့် ရေများဝင်ရောက်ခဲ့တာကြောင့် ပြည်သူများ ချက်ပြုတ်စားသောက်ဖို့အတွက် အဆင်မပြေမှုတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ယခုမြင်တွေရတဲ့ မြင်ကွင်းတွေကတော့ ဒီကနေ့ စတင်ဘာလ (၂) ရက် မနက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Aung Khant Kyaw