မြောက်ကိုရီးယားဟာ သူတို့ရဲ့ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ဆိကုိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့လက်နက်သစ်ကို နောက်ခြောက်လအတွင်း စမ်းသပ်ဖို့အတွက်ကြေညာခဲ့ပြီး နောက် ၂ ရက်အကြာမှာပဲ ခုလိုပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ပူးတွဲအကြီးအကဲများ (JCS) က ဒုံးကျည်များဟာ ကုန်းတွင်းပိုင်းအလယ်ပိုင်းမှ ကိုးရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက်ကမ်းလွန်ဆိကို ဦးတည်ပျံသန်းသွားခဲ့ပြီး အမေရိကန်အရာရှိများနှင့် ထပ်မံစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ခုလိုဒုံးကျည်ပစ်လွှတ်မှုဟာ ဒေါသထွက်စရာကောင်းပြီး မြောက်ကိုရီးယားကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ ဒီပစ်လွှတ်မှုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းနှင့်အခြားအကြီးတန်းအရာရှိများနှင့်အတူ မြောက်ကိုရီးယားနှင့် နျူကလီးယားသံတမန်ဆက်ဆံရေးရပ်တန့်ဖို့ ဆွေးနွေးရန် ဆိုးလ်တွင်ရှိနေခဲ့ပြီးနောက် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ သူတို့တီထွင်ထားတဲ့ လက်နက်သစ် ခရုဇ်ဒုံးကျည်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စမ်းသပ်မည်ဖြစ်ေကြာင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရမီဒီယာက ဒုံးကျည်ကို နျူကလီးယားထိပ်ဖူးများ တပ်ဆင်ရန်ရည်ရွယ်ချက်ဖြင့် တီထွင်ခဲ့တယ်လို့ ပြောပြထားပါတယ်။ အခုလုိမျိုး လက်နက်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာတွင် သိသာထင်ရှားတဲ့ တိုးတက်မှုကို ကိုယ်စားပြုလိမ့်မည်ဟုလေ့လာသူများက ပြောကြားခဲ့ပါတယ်။ ထိုဒံုကျည်ဟာ တောင်ကိုရီးယား သို့မဟုတ် ဂျပန်ကို ဖြတ်ပြီး ကာကွယ်ရေးစနစ်များကို ရှောင်နိုင်လျှင် ပိုကောင်းပါတယ်လို့ ပြောခဲ့ပါသေးတယ်။ နှစ်နိုင်ငံလုံးဟာ အမေရိကန်နဲ့ မဟာမိတ်များဖြစ်ပါတယ်။ ပြုံယမ်းနှင့် ၀ါရှင်တန်အကြား နျူကလီးယားသံတမန်ဆက်ဆံရေး တင်းမာနေချိန်မှာ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ သူတို့ရဲ့ လက်နက်များကို ပိုမိုအားဖြည့်ရန် တွန်းအားပေးနေတယ်လို့ ကျွမ်းကျင်သူများက ပြောပြခဲ့ပါသေးတယ်။
သတင်း အရင်းအမြစ်៖ The Guardian