ဘယ်လိုခြေစွမ်းကောင်းတွေနဲ့ အစွမ်းပြမလဲဆိုတာစောင့်မျှော်နေကြတဲ့ CR7 ရဲ့ အိမ်ပြန်အရောက် ပွဲဦးထွက်ပွဲစဥ် - Myanmarload

ဘယ်လိုခြေစွမ်းကောင်းတွေနဲ့ အစွမ်းပြမလဲဆိုတာစောင့်မျှော်နေကြတဲ့ CR7 ရဲ့ အိမ်ပြန်အရောက် ပွဲဦးထွက်ပွဲစဥ်

https://s9.kh1.co/9c/9c1c4983994e2717b623d6cac8135baad53155d9.jpg
အားကစားသတင်းများ
 10-Sep-2021 4pm · 3 months ago

ဘယ်အသင်းနဲ့ကစားရမလဲ ဆိုတာကိုတော့ (အပြည့်အစုံသိရှိရန် ပုံကိုနှိပ်ပါ)

Cristiano Ronaldo ဆိုရင် တကယ်ကို ထူးချွန်တဲ့ ပေါ်တူဂီနိုင်ငံသား ဘောလုံးကစားသမားဆိုတာ အားကစားပရိတ်သတ်အများစုက သိပြီးသားဖြစ်မှာပါ။

ဘောလုံးအားကစားမှာ အထူးကျွမ်းကျင်တဲ့အပြင် ကျန်းမာရေးလိုက်စားလွန်းတာကြောင့်လည်း ယောကျာ်းလေး ပရိတ်သတ်အပြင်

မိန်းကလေးပရိတ်သတ်များကြားမှာပါ

ရေပန်းစားနေခဲ့တာလည်း ယနေ့အချိန်အထိပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=348,q=100/d7/d79d7a3004cabdb79ab479c6e24799adbe37fa4a.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=1156,q=100/8e/8edfbb89c2633ab3e1c07ab079214678a22f5c80.jpg
Photo Credit From Manchester United News

သူဟာ မန်ချက်စတာယူနိုက်တက်မှ ၂၀၀၉ ခုနှစ်တွင် ပြောင်းရွှေ့သွားတာဖြစ်ပြီး ယခု နှစ်ရာသီမှာတော့ သူ့ရဲ့ အိမ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ယူရို ၁၅သန်း + ၈သန်းနဲ့ ဂျူဗင်တပ်အသင်းမှ ရောင်းချထားတယ်လို့လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

သိပ်မကြာသေးခင်ကလည်း မန်ချက်စတာယူနိုက်တက်ကိုပြန်လာရတာဟာ သူ့အတွက် တကယ် စိတ်ကျေနပ်စရာကောင်းကြောင်း၊ ဒီ အသင်းမှာ သမိုင်းသစ်တစ်ခုကိုဖန်တီးချင်လို့ ပြန်လာတာဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါသေးတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/a1/a11e493e4a6d8c3b345af06d2cb30cfe3a8ad145.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=813,q=100/e3/e3fa0bbf2f5a27732e11b0201c75d27b2b24fcc4.jpg
Photo Credit From Up to Date Manchester United News

လာမယ့် September 11 ရက်နေ့မှာကန်မယ့် မန်ချက်စတာယူနိုက်တက် နဲ့ နယူးကာဆယ် ပွဲစဥ်မှာတော့

CR7 ပါဝင်လာမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒါ့အပြင် ကျောနံပါတ် ၇ ကိုလည်းဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

သူကိုယ်တိုင်ကလည်း ဒီပွဲမှာပါဝင်ရဖို့ နည်းပြ ဆိုးရှားကိုဖိအားပေးဦးမယ်ဆိုပြီး ဟာသအနေနဲ့ပြောဆိုထားတယ်လို့လည်းကြားသိရပါတယ်။ အားလုံးရဲ့အချစ်တော် ဖြစ်တဲ့ CR7 အနေနဲ့ September 11 မှာဆော့မယ့် ကစားပွဲမှာ ဘယ်လိုခြေစွမ်းတွေနဲ့ အစွမ်းပြမလဲဆိုတာတော့ အားလုံးအတူတူစောင့်ကြည့်ကြရအောင်နော်။

https://s9.kh1.co/__image/w=650,h=813,q=100/d3/d3690dd2b24a4d93aaa8033285b8cd0432336677.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=650,q=100/de/de61f186e7e67e54af953135776d6aba72751e67.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=813,q=100/25/25e629f2f230ca79f8b9876979a58b8698d47bbb.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=488,q=100/d9/d9afa8ccd07981213f7aa0ce36decdb357fe259c.jpg
Photo Credit From Up to Date Manchester United News
https://s9.kh1.co/__image/w=650,h=366,q=100/5a/5a12124df7066ce8f249182507bc621055d060a1.jpg
Photo Credit From Up to Date Manchester United News
Thandar Aung
Thandar Aung

ဆက်စပ်ဆောင်းပါး