Mexican Female Boxer တစ်ဦးဖြစ်တဲ့ Jeanette Zacarias Zapata ဟာ သူမရဲ့ဘ၀ ဆက်လက်ရှင်သန်ဖို့အတွက် လက်ရှိမှာ တိုက်ပွဲဝင်နေရပါတယ်။
သူမဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ စနေနေ့က Marie-Pier Houle နဲ့ ထိုးသတ်မှုအပြီးမှာ ယခုလိုဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

Zapata ဟာ Marie နဲ့ထိုးသတ်နေရင်း လေးချီမြောက်ပီးခါနီးမှာ Marie ရဲ့ အားပြင်းလှတဲ့ လက်သီးချက်တွေ ကိုခံခဲ့ရပြီး ပြင်းထန်တဲ့ဝေဒနာတွေရရှိခဲ့တာပဲဖြစ်ပါတယ်။
Zapata ဟာ ထိုးသတ်ပွဲမှာလည်း knock out ဖြစ်ပြီး အရှုံးပေးခဲ့ရသလို အထိုးခံရပြီးပြီးချင်းသိပ်မကြာခင်မှာပဲ ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Zapata ဟာဆေးရုံမှာ ကိုမာဝင်နေပြီး သူမရဲ့အသက်ဆက်လက်ရှင်သန်ဖို့အတွက် တိုက်ပွဲဝင်နေရပါတယ်။ ဆရာဝန်တွေရဲ့ပြောကြားချက်အရတော့ Zapata ရဲ့အခြေဟာ လက်ရှိမှာ အများကြီးတိုးတက်လာတယ်လို့သိရပါတယ်
နောက်လာမယ့် တစ်လခွဲအတွင်းမှာတော့ Zapata အခြေအနေဟာ လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာဖို့ စိုးရိမ်ရတဲ့စောင့်ကြည့်ကာလ ဖြစ်တယ်လို့လည်းသိရပါတယ်။


သတင်း အရင်းအမြစ်៖ Daily Star