နှစ်စဥ်နှစ်တိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများဖြင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတတ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းမှာတော့ ဇူလိုင်(၁၉)ရက်နေ့ကနေစတင်ပြီး မြေအနိမ့်ပိုင်း ကျေးရွာတွေမှာ ရေးကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ယခုတစ်ခါရေးကြီးမှုတွေကတော့ ယခင်နှစ်တွေကနဲ့မတူဘဲ ဆိုးဆိုးရွားရွား ပိုများလာတယ်လို့ ကြားသိရပါတယ်။ လက်ရှိအချိန်ထိ မိုးများ အဆက်မပြတ် ရွာသွန်းနေတုန်းဖြစ်ပြီး တောင်ကျရေတွေက လူနေအိမ်တွေထဲထိ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
တောင်ကျရေများ ဒလဟောဝင်ရောက်ခဲ့ပြီး ရေကြီးမှုကို ခံစားနေရတဲ့ ကျေးရွာတွေကတော့ ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုး စတဲ့ ရွာများဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် လူများထိခိုက်ဒဏ်ရာမရရှိပေမယ့်လည်း ဒေသခံပြည်များရဲ့ စပါးခင်းများ ရေလွှမ်းခဲ့ပြီး ပျက်စီးခဲ့ရတဲ့အပြင် အိမ်မွေးတိရစ္ဆာန်များ သေဆုံးသွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေကြီးရေလျှံမှုတွေကို ခံစားနေရတဲ့ ကျေးရွာတွေကို ကယ်ဆယ်ရေး ပစ္စည်းတွေပို့ဆောင်ပေးဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
ယခုမှာလည်း မိုးများအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ လူနေအိမ်ကျေးရွာတွေထဲ ဝင်ရောက်လာခဲ့တာကို ရိုက်ယူထားတဲ့ ဗီဒီယိုလေးကလည် ရှမ်းပြည်နယ်အခြေစိုက် သတင်းစာမျက်နှာတစ်ခုမှာ ဖော်ပြလာတာတွေ့ရပါတယ်။ ဒီဗီဒီယိုထဲမှာတော့ တောင်ကျရေများက လူနေအိမ်တွေရှိရာသို့ အဆက်မပြတ် ကြောက်စရာကောင်းအောင် ဒလဟော စီးဆင်းလာခဲ့တာပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီး ရေကြီးရေလျှံမှုတွေကို ခံစားနေရတဲ့ မိုင်းယောင်းမြို့နယ်အတွင်းက ပြည်သူတွေအတွက် ဘေးအန္တရယ်ကင်းရှင်းအောင် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်....။
(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)
https://fb.watch/6THFy_RDOY/
သတင်း အရင်းအမြစ်៖ Source - SHAN News fb page