စိတ်ဖိစီးမှုများနေချိန်မှာ သင့်အနေနဲ့ ကြည့်သင့်သော ရုပ်ရှင်ကားကောင်းများ

//s9.kh1.co/f9/f94f6603754215784491750b621e3123327fb346.jpg
ဖျော်ဖြေရေးများ

 ၁၇-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုအချိန်မှာဆိုရင် စာဖတ်သူပရိသတ်တော်တော်များများလည်း စိတ်ဖိစီးမှုတွေ များစွာရှိနေမှာပါ။ စိတ်ဖိစီးမှုတွေများပြားလာရင် သိပ္ပံပည‌ာလေ့လာတွေရှိချက်တွေအရ မိမိကိုယ်ကို အန္တရာယ်ဖြစ်စေမိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုပျောက်ဆုံးဖို့အတွက် နည်းလမ်းများစွာထဲက တစ်ခုဖြစ်တဲ့ ရုပ်ရှင်ကြည့်ခြင်းကို စာဖတ်သူတွေအတွက် ဖော်ပြချင်ပါတယ်။ ရုပ်ရှင်ကြည့်ခြင်းက သက်တောင့်သက်သာလည်း ဖြစ်စေပြီး လူကို လန်းစေပါတယ်။ ဒါကြောင့် စာဖတ်သူတွေထဲမှာ အရွယ်ရောက်ပြီးသား လူတိုင်းအတွက် စိတ်ဖိစီးချိန်မှာ ကြည့်သင့်တဲ့ ဇာတ်ကားလေးကားကို ဖော်ပြလိုက်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

The Shawshank Redemption

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဒီကာ‌းလေးကိုတော့ စာဖတ်သူ တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ ဘယ်နှစ်ကြိမ်ကြည့်ကြည့် ကြည့်ပြီးရင်လည်း ကြည့်ချင်နေတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDB မှာလည်း နံပါတ်တစ်ရထားတဲ့ကားလေးပါ။ ဒီကားလေးရဲ့ ဇာတ်ညွှန်းကအစ သရုပ်ဆောင်ခြင်းအဆုံး တစ်ခုမှ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လွန်းလှပါတယ်။ စာရေးသူအနေနဲ့ ဒီကားကို ကြည့်တိုင်း ပြန်အားတက်စေပါတယ်။

Coco

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဒီကားလေးကတော့ ကာတွန်းကားဖြစ်နေပေမယ့် လူတိုင်းကြည့်သင့်ပါတယ်။ ကာတွန်းကားမို့ လူကြီးမကြည့်သင့်ပါဆိုတာမျိုးက ခုခေတ်မှာမရှိတော့ပါဘူး။ Coco ကားလေးကတော့ သက်တောင့်သက်သာရှိတဲ့ကားတစ်ကားဖြစ်ပြီး အံ့ဩဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော ဇာတ်ကား၊ ကြည်နူးဖွယ်ကောင်းသော သက်ကြီးရွယ်အို ဇာတ်ကောင်၊ လှပသောတေဂီတတွေနဲ့အတူ ကလေးတစ်ယောက်ရဲ့အဖွားပေါ်ထားတဲ့ မေတ္တာတွေ မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတရားတွေ အခတ်အခဲတွေကို ကြိုးကြိုးစားစား ကျော်ဖြတ်တာတွေကိုလည်း များစွာ တွေ့ရှိရမှာဖြစ်ပါတယ်။

Spirited Away

Photo Credit-Orginal Upload
Photo Credit-Orginal Upload

Anime Fanတွေအနေနဲ့ ဒီကားလေးကို မရင်းနှီတဲ့သူမရှိလောက်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း ဒီကားလေးကို ကြည့်လိုက်ရင် ကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ Chihiroဆိုတဲ့မိန်းကလေးဟာ သူ့မိဘတွေနဲ့အတူ လမ်းခရီး ထွက်လာကြပြီးနောက် ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ကြပါတယ်။ အဲ့နေရာကို ရောက်သွားတဲ့အချိန်မှာတော့ သူ့ရဲ့မိဘတွေက ၀က်အဖြစ်ပြောင်းလဲသွားပြီး ကလေးမလေးတစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ ‌ကလေးမလေးရဲ့ ကြိုးစားမှုတွေ ရုန်ကန်မှုတွေနဲ့ သူမရဲ့မိဘတွေကို ဘယ်လိုပြန်ကယ်တင်မှာလဲ စတာတွေအပြင် ဂျပန်ရိုးရာတွေနဲ့ မကောင်းဆိုးဝါးတွေကိုပါ တွေ့ရှိကြရမှာပါ။ ဒီကားရဲ့ ဇာတ်သိမ်းခန်းသီးချင်းလေးဟာလည်း တော်တော်လေးကို လှပပြီး အကြိုက်တွေ့စေမှာပါ။

Ocean's Eleven

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဒီကားလေးကတော့ Action/Adventure ကားတစ်မျိုးဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့် ကြည့်ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ မင်းသာတွေကလည်း နာမည်ကြီးတွေဖြစ်ကာ ဇာတ်လမ်းဇာတ်ညွှန်းလည်းကောင်းတဲ့အပြင် ဟာသတွေလည်းပါ၀င်တာကြောင့် မိမိရဲ့အခတ်အခဲပြဿနာတွေကို ခဏတာမေ့ပျောက်စေနေမှာတော့ အမှန်ပါပဲ။

သတင်း အရင်းအမြစ်Lifehacker

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T