ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အကယ်ဒမီဆုတွေကိုယ်စီ ရရှိထားပြီး အရမ်းကိုအောင်မြင်နေတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။ အနုပညာလောကမှာ နှစ်အတော်ကြာအောင် လျှောက်လှမ်းလာခဲ့တဲ့ ပြေတီဦးတို့ဇနီးမောင်နှံက အခုချိန်အထိတိုင်အောင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ အရမ်းလိုက်ဖက်လွန်းတဲ့ ပြေတီဦးနဲ့အူဝဲတို့စုံတွဲက စိတ်တူကိုယ်တူရှိကြတာကြောင့်လည်း ဘယ်ကိစ္စမဆို အတူတကွ ဆောင်ရွက်တတ်ကြတာ ဖြစ်ပါတယ် ။
လက်ရှိမှာဆိုရင်လည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့စုံတွဲလေးက သူတို့ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အခိုင်အမာရပ်တည်နေကြတာ ဖြစ်ပါတယ် ။ အူဝဲတို့ဇနီးမောင်နှံက မကြာသေးခင်ကလည်း ပြည်သူ့ဝန်ထမ်းတွေအတွက် အလှူငွေ သိန်း (၃၀)ကျပ်ကို ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ အူဝဲတို့နှစ်ယောက်က လူမှုကွန်ယက်စာမျက်နှာထက်ကတစ်ဆင့် ပရိသတ်တွေကို အားပေးကူညီတဲ့အပြင် လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာပါ ပါဝင်ခဲ့သေးတာ ဖြစ်ပါတယ် ။
အခုလည်း အူဝဲက ချစ်ခင်ပွန်းပြေတီဦးနဲ့အတူ အမေရိကန်သံရုံးအရှေ့မှာ သွားရောက်ရပ်တည်ခဲ့တဲ့ ပုံလေးတွေကို သူမရဲ့Facebook Story မှာ တင်ပေးထားတာ ဖြစ်ပါတယ် ။ အူဝဲတို့ဇနီးမောင်နှံကတော့ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ ပြည်သူလူထုကြားမှာ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit -Eaindra Kyaw Zin's FB Page Story