မင်းသမီးချောနေခြည်ဦးကတော့ အနုပညာလောကထဲကိုလျှောက်လှမ်းလာခဲ့တာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် ပရိသတ်အခိုင်အမာကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။နေခြည်ဦးက သူမရဲ့အလုပ်တိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီးကြိုးစားတာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်နော်။နေခြည်ဦးက လတ်တလောမှာဆိုရင် ကြော်ငြာတွေလည်းရိုက်ကူးနေရပြီး ဇာတ်ကားအသစ်တွေအတွက်လည်းသေချာပြင်ဆင်နေတာဖြစ်ပါတယ်။
နေခြည်ဦးကို သူမရဲ့ချစ်ပရိသတ်တွေကတော့ ချီချီလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး အမြဲအားပေးဝန်းရံနေကြတာဖြစ်ပါတယ်။ချီချီက မိသားစုထဲမှာလည်း သမီးအကြီးဆုံးလေးဖြစ်လို့ မောင်လေးနဲ့ညီမလေးကို သေချာဂရုစိုက်ပေးပါတယ်နော်။နေခြည့်ရဲ့ ဖေဖေနဲ့မေမေကတော့ ကိုယ့်အားကိုယ်ကိုးပြီးအရမ်းအောင်မြင်နေတဲ့သမီးလေးကြောင့် ဂုဏ်ယူနေရတာပဲဖြစ်ပါတယ်။နေခြည်က သွက်လက်ထက်မြက်ပြီး သဘောကောင်းဖော်ရွေလို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။
နေခြည်ဦးရဲ့ ဖက်ရှင်ပိုင်းဟာဆိုရင်လည်း ဘယ်အနုပညာရှင်နဲ့မှမတူဘဲ ကွဲထွက်နေပြီး Brandedတွေကိုသာ ဆင်မြန်းတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချီချီက ရိုးရှင်းတဲ့ဒီဇိုင်းလေးကသာဝတ်ဆင်ထားပေမယ့် အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်တွေက Brandedတွေချည်းပဲဖြစ်ပါတယ်။နေခြည်ဦးကတော့ အချိန်တိုင်းဖက်ရှင်ကျပြီး မိမိုက်နေလို့ သူမရဲ့ဝတ်စားဆင်ယင်ပုံဟာလည်း မိန်းကလေးပရိသတ်တွေ ငေးမောစရာကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source&Photo Credit:beautybynaychi's Facebook page