ပရိသတ်ကြီးရေ.. ဂီတလောကမှာ အမိုက်စားအသံပါဝါနဲ့ သီချင်းကောင်းလေးတွေများစွာ သီဆိုဖျော်ဖြေတတ်တဲ့ အနုပညာရှင်အဆိုတော်ဖြိုးမြတ်အောင်ကတော့ Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်အချစ်တွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။
အောင်မြင်မှုတွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေတဲ့ ဖြိုးမြတ်အောင်ကတော့ အခုဆိုရင်ကြော်ငြာတွေလည်းဆက်တိုက်ရိုက်ကူးနေကာ Live Sale တွေမှာလည်း မကြာခဥဆိုသလို မြင်တွေ့နေရပါတယ်နော်..။
ပရိသတ်အချစ်တော်ဖြိုးမြတ်အောင်ကတော့ သီချင်းကောင်းလေးတွေများစွာထွက်ရှိထားသလို သူမရဲ့သီချင်းလေးတွေဟာလည်း ပရိသတ်တွေကိုအကြိုက်တွေ့စေပြီး ရေပန်းစားအောင်မြင်နေတာကိုလည်း တွေ့မြင်ကြရမှာပါနော်..။
အခုတစ်ခါမှာလည်း ဖြိုးမြတ်အောင်တစ်ယောက် မိတ်ကပ်ပညာရှင်ပြည်သူ့အသည်းကျော်လေး လက်းလင်းနဲ့အတူ ကြော်ငြာတွေရိုက်ကူးပေးနေပြီး Live Sale တွေလည်း ရောင်းချပေးကာ ကြည်နူးစရာစုံတွဲပုံလေးတွေလည်း ရိုက်ကူးနေပါတယ်နော်..။
ဖြိုးမြတ်အောင်နဲ့ လင်းလင်းတို့ အနုပညာမောင်နှမနှစ်ယောက်ကိုတော့ စုံတွဲလေးတွေအဖြစ် ကြင်နာမြတ်နိုးတဲ့အရိပ်အယောင်လေးတွေနဲ့ ကြည်နူးပျော်ရွှင်စွာ မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။
ကဲ.. ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ စုံတွဲလေးအဖြစ် ရှေ့သွားနောက်လိုက်ညီကာ ကြည်ကြည်နူးနူးလေးမြင်တွေ့ရတဲ့ အချစ်တော်လေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။