
ပြီးခဲ့တဲ့ 2020 ခုနှစ် 11 လပိုင်းက သူ 4 နှစ်လောက် ကစားလာတဲ့ Virtus.pro dota 2 team က ထွက်ခွာခဲ့တဲ့ Solo ကတော့ Sumail, Ramzes, Noone, Zayac တို့နဲ့အတူ Just Error ဆိုတဲ့အသင်းသစ်ကို ဖွဲ့စည်းခဲ့ပေမယ့် တစ်လတောင် မခံခဲ့ပါဘူး။
roster အရ CIS ရဲ့ superteam တို့လူအများသတ်မှတ်ထားတဲ့ Just Error ဟာ သူတို့ပထမဆုံး ဝင်ရောက်ယှဥ်ပြိုင်တဲ့ Epic League အပြီးမှာပဲ အဆင်မပြေမှုတွေကြောင့် disband ပြုလုပ်သွားခဲ့ပါတယ်။
အဲ့ဒီနောက် Solo ကတော့ 2021 DPC Season ပြန်စတဲ့အချိန်မှာ အသင်းသစ်တစ်သင်းနဲ့ အတူပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။
Solo ရဲ့အသင်းသစ်နာမည်ကတော့ No Techis ဖြစ်ပြီး roster ကတော့
Po 1- Crystallize
Po 2- Ergon
Po 3- Malik
Po 4- Zayac
Po 5- Solo
တို့ပဲ ဖြစ်ပါတယ်။
Solo အနေနဲ့ ဒီအသင်းသစ် No Techis နဲ့အတူ DPC Season ကိုဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပြီး ဘယ်လိုရလာဒ်တွေရမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်ဗျာ....
သတင်း အရင်းအမြစ်៖ Vpesports