ပရိသတ်ကြီးရေ.......မင်းသမီးချောလေးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို ကြော်ငြာတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်နော်......။
ဆောင်းယွန်းစံဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ကျစ်လျစ်သွယ်လှတဲ့ဘော်ဒီအချိုးအစားလေးဟာလည်း ပုရိသတွေရဲ့ အသည်းစွဲပါပဲနော်။ သူမဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုတွေကိုရိုက်ကူးလေ့ရှိပြီး ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်အားပေးမှုရရှိနေတာပါ။
အခုဆိုရင်လည်း ဆောင်းယွန်းစံဟာ သူမရဲ့ Tik Tok accလေးမှာ ချစ်စရာဗီဒီယိုတင်ပေးလာခဲ့ပါတယ်။ ဆောင်းယွန်းစံဟာ ကလေးလေးလိုလမ်းမထက်မှာ ခုန်ပေါက်နေပြီး သီချင်းလေးအတိုင်း ချစ်ဖို့ကောင်းအောင်ကပြထားတာဖြစ်ပါတယ်နော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Saung Yoon San's Facebook acc