ပြင်းထန်တဲ့စွပ်စွဲချက်တွေကိုပဲ ထပ်ဖြစ်သွားစေခဲ့တဲ့ Belift Lab ရဲ့ဗီဒီယို

//s9.kh1.co/71/7184ecba7a4a75c5746ac99e39bbc2ae36464040.jpg
ဖျော်ဖြေရေးများ

 ၁၁-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

ပြင်းထန်တဲ့စွပ်စွဲချက်တွေကိုပဲ ထပ်ဖြစ်သွားစေခဲ့တဲ့ Belift Lab ရဲ့ဗီဒီယို

Belift Lab ဟာ မင်ဟီးဂျင်ရဲ့စွပ်စွဲချက်ဖြစ်တဲ့ Illit အဖွဲ့က New Jeans အဖွဲ့ကိုကော်ပီနေတယ်ဆိုတဲ့အကြောင်းအရာကိုပြန်ဖြေရှင်းဖို့ဗီဒီယိုတစ်ပုဒ်တင်လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Illit နှင့် New Jeans ကြားကကွာခြားချက်တွေကိုဖော်ပြထားတဲ့အပြင် New Jeans ဟာလည်း တစ်ခြားအဖွဲ့တွေရဲ့ Theme ကိုကော်ပီထားတာဖြစ်ကြောင်းပါ ပြောဆိုထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/d3/d35ad92bf1c8181df0571288f266e6d8488f5998.jpg

ဒါပေမဲ့ဗီဒီယိုထွက်လာချိန်မှာတော့ ပရိတ်သတ်တွေဟာ Belift Lab ကိုပဲပိုပြီးအပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အကြောင်းကတော့ Belift Lab ဟာမင်းဟီဂျင်ဖက်ကစွပ်စွဲထားတဲ့အဓိကအကြောင်းအရာတွေကိုပြန်ဖြေရှင်းထားခြင်းမရှိတဲ့အပြင် တစ်ခြားသက်ဆိုင်ခြင်းမရှိတဲ့ကုမ္မဏီတွေရဲ့ပုံရိပ်ကိုပါထည့်သွင်းအသုံးပြုလာတာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/93/93aa8fafb9e88c96e663f9b5be87e55e055041a7.jpg

 ဥပမာ Belift Lab ဖက်ကနေပြီးမင်းဟီဂျင်က ရိုးရာဝတ်စုံ Theme တူနေတဲ့အကြောင်းပြောတာကို တစ်ခြားဆင်တူတယ်လို့ယူဆနိုင်တဲ့အဖွဲ့တွေရဲ့ဝတ်စုံတွေနှင့်ပါယှဥ်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ယှဥ်ပြထားတဲ့ ဝတ်စုံဟာ အသိသာကြီးကွာနေတဲ့အပြင် Illit အဖွဲ့ကိုပိုပြီးအမြင်စောင်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် Belift Lab ဟာ New Jeans က BlackPink  ကိုကော်ပီတယ်ဆိုပြီးပါစွပ်စွဲသွားတာကို BlackPink ရဲ့ဝန်ထမ်းဖြစ်သူကချက်ချင်းငြင်းဆိုလိုက်တာကြောင့် ပိုပြီးအရှက်တကွဲဖြစ်ခဲ့ရပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T