အရိုးပေါင်း ၂၅၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Ribbon eel

//s9.kh1.co/74/747aba212371059e73cf006e59fd91afc3e826d5.jpg
MPT

 ၀၉-မေ-၂၀၂၄ ၇am · လွန်ခဲ့သော ၁၁ ရက် က

အရိုးပေါင်း ၂၅၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Ribbon eel

ဖဲကြိုးငါးရှဉ့် ( Ribbon eel ) ဆိုပြီး လူသိများတဲ့ Rhinomuraena quaesita ငါးရှဉ့်ကတော့ Rhinomuraena မျိုးစုရဲ့ တစ်ခုတည်းသော အဖွဲ့ဝင်ငါးရှဉ့်‌မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ယခင်က moray ငါးရှဉ့်မျိုးရိုး Muraenidae မှာ ထားရှိခဲ့ပြီး အခြားငါးရှဉ့်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကြောင့် သီးခြားမျိုးစိတ်တစ်ခု သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီငါးရှဉ့်တွေရဲ့ ခန္ဓာကိုယ်ဟာ ဆလင်ဒါပုံ ကျဉ်းမြောင်းသွယ်လျကြပြီး ရှည်မျောမျောခန္ဓာကိုယ်ဟာ ပျမ်းမျှအားဖြင့် အရိုးပေါင်း ၂၅၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အတော်ရှည်တဲ့ ငါးရှဉ့်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f5/f5a3b95a69ce4dc491325a9e02276ff9faf9f2ca.jpg

Ribbon eel တွေကို အင်ဒို-ပစိဖိတ်သမုဒ္ဒရာရှိ သန္တာကျောက်တန်းများ နဲ့ သဲပြင်တို့မှာ တွေ့ရနိုင်ပြီး မထင်မှတ်စရာ အရောင်တောက်တောက်‌အရေခွံကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်နဲ့မလိုက် ကျယ်တဲ့ ပါးစပ် နဲ့ နှာတံ ၊ နှာထိပ်နှစ်ဖက်က ချိုပုံစံထွက်နေတဲ့ ဖဲပြားပုံအကြည်ပြားလေး နှစ်ခုတို့အပြင် အစိမ်းရောင် ၊ စိမ်းပြာရောင် ၊ အပြာရောင် ၊ အဝါရောင် အချိုးကျကျ ပုံဖော်ထားတဲ့ အရောင်အဆင်းဟာ Ribbon eel တွေရဲ့ ထူးခြားချက်တွေပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ ဖဲကြိုးငါးရှဉ့်အထီးတစ်ကောင်ရဲ့ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၆၅ မှ ၉၄ စင်တီမီတာ ( ၂၆ မှ ၃၇ လက်မ ) ရှိပြီး ဖဲကြိုးငါးရှဉ့်အမတွေမှာ ၁၃၀ စင်တီမီတာ ( ၅၁ လက်မ ) ရှိတာကြောင့် အထီးထက် အမပိုကြီးတဲ့ ငါးရှဉ့်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/6b/6b6cbb5ef698d6429a499d7953d2edff5027be63.jpg

အရွယ်ရောက်လာတာနဲ့အမျှ အရောင်ပြောင်းလေ့ ရှိတဲ့ ဖဲကြိုးငါးရှဉ့်တွေဟာ မွေးဖွားဖို့ အခက်အခဲ ကြုံရင် အထီးကပါ လိင်ပြောင်းမျိုးပွားနိုင်တဲ့ ရှားပါးငါးရှဉ့်မျိုးစိတ် တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သားဥများ ဥပြီးတဲ့အခါမှာတော့ သေဆုံးသွားကြပါတယ်။ ‌Ribbon eel တွေရဲ့ လူသိနည်းတဲ့ နောက်ထပ် ထူးခြားချက်တစ်ချက်ကတော့ ဒီငါးရှဉ့်တွေဟာ လှပတဲ့ အရောင်အဆင်းကို ပိုင်ဆိုင်ထားကြပေမယ့် သူတို့ကိုယ်တိုင်က ဒီအရောင်တွေကို မဝေခွဲနိုင်ကြပါဘူးပဲ ဖြစ်ပါတယ်။ ကျောက်တန်းအကာအကွယ်ရှိတဲ့ နေရာတွေနဲ့ ရေတိမ်ပိုင်းတွေမှာ ပိုတွေ့‌လေ့ရှိတဲ့ Ribbon eel တွေဟာ အများဆုံး အနှစ် ၂၀ အထိတောင် ရှင်သန်နိုင်တာကြောင့် အသက်ရှည်တဲ့ ငါးရှဉ့်မျိုးစိတ်‌တစ်မျိုးပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/f6/f695fa968b90ce405c351a5c53971a9b07b9116e.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T