Jennie ရဲ့ 2024 Met Gala အပြာရောင်ပွဲတက်ဝတ်စုံရဲ့နောက်ကွယ်ကအကြောင်းရင်း

//s9.kh1.co/05/052f26f34692461c91216909ff73bfc3d6c14d96.jpg
MPT Korea Celebrity

 ၀၈-မေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၂ ရက် က

Jennie ရဲ့ 2024 Met Gala အပြာရောင်ပွဲတက်ဝတ်စုံရဲ့နောက်ကွယ်ကအကြောင်းရင်း

ဂျင်းနီးဟာ နယူးယောက်မှာကျင်းပတဲ့ ပွဲကို တောက်ပနေတဲ့အပြာရောင်ဂါဝန်ရှည်နှင့်တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ပွဲရဲ့ ဟာ Garden of Time Theme လို့သတ်မှတ်ထားတာကြောင့် ပွဲတက်လာသူအများစုဟာ ပန်းပွင့်တွေပါဝင်တဲ့ဝတ်စုံတွေကိုဝတ်ဆင်လာကြတာပါ။ ဒါပေမဲ့ ဂျင်းနီကတော့ alaïa ဘရန်းကနေ ချုပ်ထားတဲ့အပြာရောင်ဂါဝန်ရှည်ကို ပင်လယ်ကိုကိုယ်စားပြုပြီးဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/51/5120a20a357de7114b7a30764a90a33e3247091e.jpg

ဒီလိုပင်လယ်အရောင်ကိုကိုယ်စားပြုတဲ့အနေနှင့် ဂျင်းနီဟာလက်ဝတ်ရတနာအနေနှင့် ခရုခွံလေးတွေကိုပါ ဝတ်ဆင်လာခဲ့တာကြောင့် ပင်လယ်ပျော်နတ်သမီးလေးနှင့်တူနေတယ်ဆိုပြီး မီဒီယာစာမျက်နှာတွေထက်မှာ ချီးကျုးခံနေရပါတယ်။ ဒီအကြောင်းပြချက်အပြင် ဂျင်းနီဟာပွဲအတွက် အပြာရောင်ဝတ်စုံဝတ်ရတဲ့အကြောင်းရင်းနောက်တစ်ခုရှိနေသေးတယ်လို့ပရိတ်သတ်တွေကခန့်မှန်းထားကြပါတယ်။

https://s9.kh1.co/__image/w=299,h=360,q=100/b0/b071b5e98a48552913a2b14d84076cc0803f85fa.jpg

ဂျင်းနီရဲ့မိခင်ဖြစ်သူဟာ မွေးနေ့တွေမှာ ဂျင်းနီကိုအမြဲတမ်းအပြာရောင်နှင်းဆီပန်းတွေလက်ဆောင်ပေးလေ့ရှိပါတယ်။ ဂျင်းနီကိုယ်တိုင်ကလည်း အမေဖြစ်သူပေးတဲ့အပြာရောင်ပန်းတွေကို ဆိုရှယ်မီဒီယာမှာမကြာခဏတင်တတ်ပါသေးတယ်။ အခုလိုအပြာရောင်ဝတ်စုံကိုရွေးချယ်ခြင်းဟာ ဂျင်းနီအနေနှင့် အမေဖြစ်သူပေးတဲ့အပြာရောင်ပန်းတွေကိုဖော်ပြချင်တာကြောင့်လည်းဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ 

https://s9.kh1.co/__image/w=573,h=900,q=100/4c/4cb024b50b10cde29a808eb8b90df839dbaefb55.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T