Anopheles ခြင်အမတွေ ဘာကြောင့် သွေးစုပ်တာလဲ

//s9.kh1.co/6d/6d31538e187dadda5fe46a385d6a564aa1547990.jpg
MPT

 ၃၀-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၉ ရက် က

Anopheles ခြင်အမတွေ ဘာကြောင့် သွေးစုပ်တာလဲ

Anopheles ခြင်တွေဟာ Anophelinee မျိုးစိတ်က ဆင်းသက်လာတဲ့ ခြင်တစ်မျိုးဖြစ်ပြီး ၁၈၁၈ ခုနှစ်မှာ ဂျာမန် ဇီဝဗေဒပညာရှင် JW Meigen က ပထမဆုံးတင်ပြခဲ့ပါတယ်။ လက်သည်းခြင် ၊ စိမ့်ခြင်လို့လည်း ခေါ်ကြပြီး အခြားခြင်တွေလို ဥ ၊ သားလောင်း နဲ့ ပိုးတုံးလုံးအဆင့်တွေမှာ ရေထဲမှာ နေထိုင်ကြပါတယ်။ ဒါပေမယ့် Anopheles ပိုးလောင်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ စီဖွန် မပါတာကြောင့် အသက်ရှူဖို့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရေမျက်နှာပြင် နဲ့ အလျားလိုက်ထားကာ အသက်ရှူကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ Anopheles ခြင်တွေကတော့ ရေပြင်မှ ပေါက်ထွက် ပျံသန်းပြီး ပထမဆုံး ပန်းဝတ်ရည်တွေကို စားသုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/41/41b458530a6883853b1c49e02f258b5fe6fe9f6e.jpg

အရွယ်ရောက်ပြီးတဲ့ ခြင်မတွေဟာ တိရစ္ဆာန်‌တို့ရဲ့ သွေးကို စုပ်ယူအာဟာရ ပြုကြပြီးနောက် ကပ်ပါးပိုးများ ပါလာကာ ရောဂါပိုးရှိတဲ့ သွေးကို အခြား တိရစ္ဆာန်များကို သွားကိုက်ခြင်းဖြင့် ရောဂါကူးစက် စေပါတယ်။ Anopheles ခြင်က ခြင်အမတွေသာ ကိုက်တတ်ပြီး ‌ငှက်ဖျားရောဂါပိုး သယ်ဆောင်နိုင်တာကြောင့်‌ ယေဘုယျအားဖြင့် Anopheles ခြင်အမတွေဟာ အထီးတွေထက် အသက်တိုကြပြီး ခြင်အထီးတွေကတော့ မကိုက်တတ်တာကြောင့် ငှက်‌ဖျားရောဂါ နဲ့ အခြားရောဂါများ မကူးစက်နိုင်ပါဘူး။ Anopheles ခြင်တွေကို ကမ္ဘာတစ်ဝှမ်းက အပူပိုင်းဒေသများမှာ ကျယ်ပြန့်စွာ တွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fc/fc99246cc69fbe9c3ee77a81d6fbc5e59893a23a.jpg

Anophele ခြင်အမ သယ်ဆောင်တဲ့ ငှက်ဖျားရောဂါပိုးဟာ လူအပါအဝင် ငှက် ၊ တွားသွားသတ္တဝါ နဲ့ အခြားနို့တိုက်သတ္တဝါတို့ကို‌ပါ ကူးစက်စေပြီး ငှက်ဖျားရောဂါကြောင့် အသက်ပါ သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ Anopheles ခြင်အမတွေ သွေးစုပ်ရတဲ့ အကြောင်းအရင်းလည်း ရှိပါသေးတယ်။ အဲ့တာကတော့ ဒီခြင်မတွေသာ ၎င်းတို့ရဲ့ ဥကို အပြင်ထုတ်ဖို့အတွက် လူနဲ့ တိရစ္ဆာန်တို့ရဲ့ သွေးထဲက ပရိုတင်း နဲ့ သံဓာတ်ကို လိုအပ်တာကြောင့်ပဲ ဖြစ်ပါတယ်။ အလယ်အလတ်ကြီးတဲ့ ခြင်မျိုးစိတ်တစ်မျိုးဖြစ်ပြီး အညို‌ဖျော့ရောင် မှ မီးခိုးရောင်အထိ အရောင်ကွဲကာ အမွေးစူးစူးများ ပါရှိကြပါတယ်။ များသောအားဖြင့် ညနေပိုင်း နဲ့ ညဘက်တွေမှာ ထွက်လေ့ရှိတာကြောင့် အကိုက်မခံရအောင် ဂရုစိုက် ကာကွယ်ရမယ့် ခြင်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4e/4ec1ab4f842c83a457e971235edbee6eebde994b.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T