လူကောင်းတစ်ယောက်ဖြစ်ဖို့ ထိန်းချုပ်ထားရမယ့်အရာများ

//s9.kh1.co/68/68dead5a94e1d7c2c658da503f2ec81a5487c3a5.jpg
MPT Lifestyle

 ၂၇-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၂ ရက် က

လူကောင်းတစ်ယောက်ဖြစ်ဖို့ ထိန်းချုပ်ထားရမယ့်အရာများ

လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့အတွက် ထိန်းချုပ်ထားသင့်တဲ့ အရာငါးမျိုးရှိပါတယ်။ ပထမတစ်ခုကတော့ နှုတ်ပဲဖြစ်ပါတယ်။ စကားပြောခြင်းဟာ ဘာမှအရေးမပါသလိုထင်ရပေမဲ့ ကိစ္စတော်တော်များများကို ဖြစ်ပျက်သွားစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ကိုစောင့်ထိန်းခြင်းဟာ လူကောင်းဖြစ်စေဖို့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=624,h=702,q=100/48/48212eaa354704a4ed48b6b54eda2fd3e363cb17.jpg

အတွေးတွေဟာလူကိုအပင်ပန်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့အရာတွေပါ။ ဒါကြောင့် စိတ်ကိုထိန်းချုပ်ခြင်းကလည်း လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခံစားချက်တွေကိုဟာလည်း  စိတ်လိုမျိုးပဲထိန်းချုပ်ရခက်တဲ့အရာပါ။ ဒါပေမဲ့ ဒီနှစ်ခုဟာလူတွေကိုအမြဲတမ်းပင်ပန်းစေတဲ့ အဓိအကြောင်းအရာတွေဖြစ်တာကြောင့် လူတွေအနေနှင့် လူကောင်းဖြစ်ဖို့ဆိုရင် ဒီနှစ်ခုကိုထိန်းချုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/23/230ee6a7c66dc7c6163c3c40bcba677e3ee77208.jpg

အပြုအမူတွေကလည်း လူတစ်ယောက်ရဲ့စိတ်နှင့်အဆင့်အတန်းကိုကိုယ်စားပြုတဲ့အကြောင်းအရာတွေပါ။ လူတွေအနေနှင့် လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကောင်းမွန်တဲ့အပြုအမူတွေရှိနေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထိန်းချုပ်ရမယ့် အရာကတော့ ပိုက်ဆံပဲဖြစ်ပါတယ်။ ပိုက်ဆံသုံးတာကို ထိန်းချုပ်ခြင်းဟာလူတွေအတွက် အဓိကကျတဲ့ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒီလိုထိန်းချုပ်မှုတွေဟာ လူတွေကိုပိုပြီးကောင်းမွန်တဲ့ ပုံရိပ်နှင့်လူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/d8/d8bf9b7e998071222577c68d9e173079b229190c.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T