အသက်သုံးဆယ်မှာ အဆင်ပြေကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်လာနိုင်ဖို့ဆိုရင် သေချာပေါက် ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်းသိထားဖို့လိုအပ်ပါတယ်။ ငွေကြေးဟာ သုံးဆယ်ကျော်ပိုင်းမှာဆိုရင် ပိိုပုအရေးကြီးလာတာကြောင့် ငွေကြေးစီမံတတ်ဖို့ကျိန်းသေပေါက်လိုအပ်ပါတယ်။ ငွေကြေးအပြင် နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ ဆက်ဆံရေးဖြစ်ပါတယ်။
ဆက်ဆံရေးကောင်းတွေဖန်တီးပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုပိုပြီး ဂရုစိုက်နိုင်တဲ့သူဖြစ်လာဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ အသက်ကြီးလာခြင်းဟာ ကိုယ့်ဘေးမှာလူတွေပိုပိုနည်းလာခြင်းဖြစ်တာကြောင့် ပတ်ဝန်းကျင်ကလူတွေကိုအလေးထားပေးတတ်ရပါမယ်။
သင်ယူမှုကိုရပ်တန့်မထားဘဲ ဆက်လုပ်နေပြီးတော့ ဦးနှောက်ကိုအလုပ်ပေးရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ့်ကိုယ်ထိန်းချုပ်နိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေရှိပြီးတော့ Self Discipline ကောင်းတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနှင့် ကိုယ့်ကိုယ်ကိုယ်သေချာဂရုစိုက်ပေးဖို့လည်းလိုအပ်ပါတယ်။ ခန္တာကိုယ်ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာနေဖို့သေချာဂရုစိုက်ပေးသင့်ပါတယ်။