Crochet Top လေးတွေနှင့် အမိုက်စား Outfit ဖြစ်အောင်ဖန်တီးဖို့အိုင်ဒီယာများ

//s9.kh1.co/19/197b37533a62d665202d351c658a993c447e0d34.jpg
MPT Lifestyle

 ၂၄-ပြီ-၂၀၂၄ ၈am · လွန်ခဲ့သော ၁၂ ရက် က

Crochet Top လေးတွေနှင့် အမိုက်စား Outfit ဖြစ်အောင်ဖန်တီးဖို့အိုင်ဒီယာများ

https://s9.kh1.co/__image/w=564,h=751,q=100/78/78ccc95649705e01733bc4b5605141ffbf455d06.jpg

တွေဟာ လက်မှုအတတ်နှင့်ဖန်တီးထားတာကြောင့် အတော်လေးလှပြီးတော့  Outfit မျိုးစုံထွင်ဝတ်လို့ရတဲ့အထည်တွေဖြစ်ပါတယ်။ အခုလိုမျိုးလက်ပြတ် Top တွေကိုဂျင်းဘောင်းဘီတိုလေးနှင့်တွဲဝတ်လိုက်ခြင်းဟာ နွေအပူကိုသေချာလေးအံတုပေးနိုင်မယ့်ဝတ်စုံဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=842,q=100/23/236e3c668e0694be61fc76ecf438cf067ca721a0.jpg

အပေါ်ဝတ်အနေနှင့်ဝတ်ဆင်ကြတဲ့ အခုလိုမျိုးအထည်တွေကလည်း အမြင်လှစေသလို ကြည့်ကောင်းစေတဲ့အထည်တွေဖြစ်ပါတယ်။ လုံခြုံမှုရှိစေပြီးတော့ သာမာန်ဝတ်စုံကိုပိုပြီးဖက်ရှင်ကျသွားသလို ဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/21/21d1d7f50a15ee959f3a24e90c8779e6f46a3be9.jpg

လူအများစုအဝတ်များကြတဲ့ ဒီလိုပုံစံကတော့ ကြိုးတစ်လုံးလိုမျိုးအင်္ကျီပေါ်မှာ အပွကိုထပ်ဝတ်ထားတာဖြစ်ပါတယ်။ ဒီလိုဝတ်စုံကို ကမ်းခြေခရီးတွေမှာ အများဆုံးဝတ်ဆင်ကြလေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=489,h=516,q=100/2a/2a7215e2481d94382fd5cb4b1314e3c18dac0364.jpg

ဒီလိုလက်ပြတ်အပေါ်ဝတ်လေးတွေဟာလည်း Outfit ကိုပိုပြီးအရောင်ထွက်အောင်နှင့်ဖက်ရှင်ကျအောင်ကူညီပေးနိုင်တဲ့အထည်တွေပါ။ အခုလိုမျိုး လက်ရှည် Top တွေပေါ်ကနေထပ်ဝတ်နိုင်သလို သူ့တစ်ထည်တည်းပဲဝတ်ရင်လည်း အဆင်ပြေတဲ့အထည်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=534,h=800,q=100/92/9210da361d3db40b55a7cfc39d1120c53dfcf83e.jpg

Vest တွေကို ဘာနှင့်မှမတွဲဘဲ ဒီတိုင်းဝတ်ဆင်ခြင်းကလည်း ဝတ်စုံကိုပိုပြီးထူးခြားသွားစေပါတယ်။ အထူးသဖြင့် Crochet အထည်တွေဟာတစ်ထည်နှင့်တစ်ထည် ပုံစံကွက်တိကျတာမျိုးမရှိတတ်တာကြောင့် ပိုပြီးထူးခြားသွားစေပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/ee/ee51d6a03f623b10c93f220cfbf765ebf3b7cedf.jpg

စကပ်အကားတွေနှင့် Crochet Top တွေကိုတွဲဝတ်တာကလည်း လူငယ်တွေသဘောကျလောက်မယ့် Outfit Idea တစ်ခုဖြစ်ပါတယ်။ Crochet Top တွေဟာ အရောင်စုံပါဝင်တတ်ကြတာကြောင့်တွဲဖက်ဝတ်ဆင်ရမယ့်အထည်ကို ရွေးချယ်ဖို့ပင်ပန်းစရာမလိုပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T