ထူးထူးခြားခြား ကလိုရိုပလတ်စ် ပါရှိတဲ့ ချစ်စရာ အဏ္ဏဝါသတ္တဝါလေး

//s9.kh1.co/84/84d525810ec0cac71f57b1a1d064016683785f2f.jpg
MPT

 ၂၃-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၀ ရက် က

ထူးထူးခြားခြား ကလိုရိုပလတ်စ် ပါရှိတဲ့ ချစ်စရာ အဏ္ဏဝါသတ္တဝါလေး

၁၉၉၃ ခုနှစ်တွင် ဂျပန်ကျွန်းစု Kuroshima ကမ်းလွန်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ Sea Sheep တွေဟာ Costasiellidae မျိုးစိတ်က အခွံမာ မပါတဲ့ အဏ္ဏဝါနေ မျှော့မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အရွက်မျှော့ လို့ခေါ်ကြပြီး အစိမ်းရောင် ရှိတဲ့ ခန္ဓာကိုယ်ကြောင့် လူသိများကာ ဂျပန် ၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ အနီးရှိ ရေပြင်တွေမှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ၅ မီလီမီတာ မှ ၁၀ မီလီမီတာကြားသာ ရှိတဲ့ ခန္ဓာကိုယ်ကြောင့် အလွန်သေးငယ်ပြီး မြင်တွေ့ဖို့ ခဲယဥ်းတဲ့ ချစ်စရာရေနေသတ္တဝါလေး တစ်မျိုးပဲ ဖြစ်ပါတယ်။ အစိမ်းရောင်အတက်အလက်တွေနဲ့ ဦးခေါင်းထိပ်က ခရမ်းရောင်ချိုလေး နှစ်ခုတို့ဟာ Sea Sheep ရဲ့ ထူးခြားတဲ့ အသွင်အပြင် လက္ခဏာ တစ်ခုပါပဲ။ 

https://s9.kh1.co/__image/w=650,h=342,q=100/6d/6d5d2827323f7edac2ed7e64389cbdd4afd4c7ad.jpg

ဒါ့အပြင် ခြေထောက်နဲ့ တူတဲ့ အစိမ်းရောင်အတက်အလက်တွေရဲ့ ထိပ်က ပန်းရောင် အစက်လေးတွေ ဝန်းရံထားတဲ့ Sea Sheep တွေရဲ့ အနက်ရောင် မျက်လုံးဝိုင်း နဲ့ ချို တို့ဟာ သိုးတစ်ကောင်နဲ့ ဆင်တူနေတာမို့ ပင်လယ်သိုး လို့လည်း ခေါ်ကြပါသေးတယ်။ အလေးချိန် ၁၀၀ ဂရမ်သာရှိတဲ့ ပင်လယ်သိုးတွေဟာ ရေညှိ ၊ ရေမှော်တွေဆီက နေရောင်ခြည် အာဟာရဓာတ်( ကလိုရိုဖီးလ် ) ကို စုပ်ယူပြီး အပင်တွေကဲ့သို့ အစာချက်ကြပါတယ်။ ကလိုရိုပလတ်စ် ပါရှိတဲ့ ပင်လယ်သိုးတွေဟာ နေရောင်ခြည်စွမ်းအင် အနည်းငယ်ရရှိထားခြင်းကိုက အစာချက်လုပ်နိုင်ပြီး ရက်သတ္တပတ်များစွာ ရှင်သန်နိုင်ကြပါတယ်။ ပျော့ပျောင်းတဲ့ ကိုယ်ထည်နဲ့ Sea sheep တွေကို သန္တာကျောက်တန်းးများအနီး ရေညှိများပေါများတဲ့ ကျောက်ဆောင်တွေမှာ တွေ့ရတတ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/6e/6ee4bd921bda94f6468b9e4159a6ad61658d3bba.jpg

ပျမ်းမျှဘဝသက်တမ်းမှာ ၆ လ မှ ၁ နှစ်ကြား ရှိပြီး ဇီဝဗေဒအရ ‘ Costasiella Kuroshimae ‘ လို့ ခေါ်ကာ အပင်မဟုတ်တဲ့ ကမ္ဘာပေါ်က ချစ်စရာ အကောင်းဆုံး သက်ရှိမျိုးစိတ်လေးထဲက တစ်ခုပဲ ဖြစ်ပါတယ်။ မပျော်ဝင်နိုင်တဲ့ ပလပ်စတစ်များ သမုဒ္ဒရာအတွင်း စွန့်ပစ်ခြင်း ၊ ပင်လယ်ရေအောက် မုန်တိုင်းများနဲ့ ငလျင်များကြောင့် သန္တာကျောက်တန်းများ ပျက်စီးခြင်း ၊ ရာသီဥတုများ ပြောင်းလဲလာခြင်း ၊ လူသားတို့ မဆင်မခြေ ဖမ်းဆီးခြင်း စတဲ့ အကြောင်းတရားများကြောင့် ပင်လယ်သိုး အကောင်ရေ များစွာ လျော့နည်းခဲ့ပြီး ယခုမှာတော့ စနစ်တကျ ထိန်းသိမ်းရမယ့် ထူးထူးခြားခြားရေသတ္တဝါလေးတစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/53/5304966363eb65c79d26b6e0f9391b1fbe1f0541.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T