ကမ္ဘာပေါ်က အလှဆုံးရေကန် ၄ ခု

//s9.kh1.co/0f/0f330d571c48cd03e9a27d17c524b5c10a1fc1f4.jpg
MPT

 ၂၃-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၁ ရက် က

ကမ္ဘာပေါ်က အလှဆုံးရေကန် ၄ ခု

၁။ Hutt Lagoon ၊ ဩစတေးလျ 

Lake Hiller ( Hutt Lagoon ) ဟာ ဩစတေးလျနိုင်ငံက ပန်းရောင်ရေကန် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က ပန်းရောင် ရေကန်တွေထဲ အကျော်ကြားဆုံး ရေကန်တစ်ခုလည်း ဖြစ်ပါတယ်။ အငန်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ဒီရေကန်ဟာ ရာသီဥတု နဲ့ ‌အခြေအနေအပေါ် မူတည်ပြီး ပန်းရောင် မှ ခရမ်းရောင် သို့မဟုတ် အနီရောင် ကို တစ်ခါတစ်ရံ ပြောင်းလဲတတ်ပါတယ်။ ထူးခြားတဲ့ ရေအရောင်နဲ့ ပဟေဠိဆန်ဆန် Lake Hiller ဟာ ကမ္ဘာပေါ်က အလှဆုံး ရေကန်တစ်ကန်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f5/f59b9a85ed316cc24a82004d712c808fd2897297.jpg

၂။ Crater Lake , Oregon 

အမေရိကန်ပြည်ထောင်စုမှာ အနက်ဆုံးရေကန် ဖြစ်တဲ့ Crater Lake ဟာ ရေအနက် ပေ ၁၉၃၉ ပေအထိ နက်ပါတယ်။ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့ ဒီရေကန်ဟာ ကမ္ဘာပေါ်က အလှဆုံးရေကန်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြည်လင်ပြီး သန့်ရှင်းနေတဲ့ အပြာရောင်ရေ ကြောင့် Crater lake ဟာ ကမ္ဘာအလှဆုံး ရေကန်တစ်ကန်ပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/ab/ab20dbd596891d906694dac830fc37d6b3829286.jpg

၃။ Bacalar Lake ၊ မက္ကဆီကို 
မက္ကဆီကိုနိုင်ငံ ၊ Quintana Roo ရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ Bacalar ရေကန်ဟာ ကြည်လင်တဲ့ ရေကြောင့် ထင်ရှားပါတယ်။ အဖြူရောင် ထုံးကျောက်အောက်ခြေနဲ့ စိမ်းပြာရောင် ရေဟာ Bacalar ရေကန်ကို လာရောက်ဖို့ ဆွဲဆောင်နေသလိုပါပဲ။ ဒီရေကန်ကိုတော့ ရေငုပ်ခြင်း နဲ့ ပင်လယ်ရေအောက်အလှတွေကြည့်ဖို့ အများဆုံး လာရောက်ကြပြီး ရေအောက်အဏ္ဏဝါလေးတွေ ကြည့်ဖို့ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကြည်လင်တဲ့ရေ နဲ့ လတ်ဆတ်တဲ့ ရေတို့ကြောင့် Bacalar ကျွန်းဟာ ကမ္ဘာပေါ်က အလှဆုံး ရေကန်တစ်ကန် ဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/b2/b224b9fbd9172c02a34d4a827591cd5ceb647706.jpg

၄။ Lucerne ရေကန် ၊ ဆွစ်ဇာလန် 
Zurich မြို့မှ တောင်ဘက်ကို မိနစ် ၄၀ ကားမောင်းရုံနဲ့ ရောက်တဲ့ Lucerne ရေကန်ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး အိုင်ပဲ ဖြစ်ပါတယ်။ အေးချမ်းငြိမ်သက်တဲ့ ကန်ပြင် နဲ့ ဘေးပတ်ပတ်လည်က ကြီးမားတဲ့ တောင်တမ်းကြီးများ ဝန်းရံထားတဲ့ Lucerne ရေကန်ဟာ ကမ္ဘာပေါ်က အလှဆုံးရေကန်တစ်ခု ဖြစ်လာတာ မဆန်းတော့ပါဘူး။ Lucerne ကန်ကတော့ ပူနွေးတဲ့ နွေရာသီကာလတွေမှာ လည်ပတ်လို့ အကောင်းဆုံးဖြစ်ပြီး ငြိမ်သက်တဲ့ရေပြင်မှာ ရေနွေးငွေအပျော်စီးသင်္ဘောစီးခြင်းဟာ Lucerne ရဲ့နိဗ္ဗာန်လေး တစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c0/c056ad7ad2a2a985af0884fec57397ae06914c4c.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T