သွားစွယ်တွေနဲ့ ဆိုက်ဘေးရီးယားက သွေးစုတ်ဖုတ်ကောင်သမင်

//s9.kh1.co/3b/3be270e779896ca0ade9c4708207b0aff650eae2.jpg
MPT

 ၂၂-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၂ ရက် က

သွားစွယ်တွေနဲ့ ဆိုက်ဘေးရီးယားက သွေးစုတ်ဖုတ်ကောင်သမင်

Siberian musk သမင်တွေကို အာရှရဲ့ အရှေ့မြောက်တောင်တန်း‌သစ်တောတွေမှာ အတွေ့များပြီး ဆိုက်ဘေးရီးယား ၊ မွန်ဂိုလီးယား ၊ မန်ချူးရီးယား နဲ့ ကိုရီးယားကျွန်းဆွယ် အချို့မှာလည်း တွေ့ရပါတယ်။ အနက်ရောင် သို့မဟုတ် အညိုရင့်ရောင် အ‌မွေးတို့ ပါရှိပြီး အခြားသမင်တွေလို ဦးချိုမပါတဲ့ သမင်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Siberian musk သမင်တစ်ကောင်ဟာ ၁၀ ကီလိုဂရမ် ရှိပြီး သူတို့ဟာ မျိုးပွားပြီး ၁ နှစ်ကျော်လောက်မှသာ အရွယ်ရောက်ကြပါတယ်။ ပျမ်းမျှ ဘဝသက်တမ်းမှာ ၁၀ နှစ်မှ ၁၄ နှစ်အထိ ရှင်သန်နိုင်ကြပြီး ထူးခြားတဲ့ သွားစွယ်နှစ်ခုကြောင့် ထင်ရှားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d4/d47382da20b69f91f7852d9d3cbd504473a28b8d.jpg

နှုတ်သီးအောက်မှ ထွက်လာတဲ့ သွားစွယ်နှစ်ခုဟာ အန္တာရာယ်မှ ကာကွယ်ဖို့ နဲ့ Siberian musk သမင်အမတွေကို ပိုးပန်းရာမှာ ဆွဲဆောင်ဖို့ အသုံးပြုပါတယ်။ မေလ နဲ့ ဇွန်လအတွင်းမှာ သားပေါက်ကြပြီး တစ်ခါပေါက်ရင် ၁ ကောင် မှ ၃ ကောင် အထိ မွေးဖွားကြပါတယ်။ သီးခြားနေထိုင်လေ့ရှိတဲ့ Siberian musk သမင်တွေဟာ ကြီးမားတဲ့နားရွက် ၊ အမြီးတို နဲ့ ဦးချို မရှိခြင်းတို့ကြောင့် ထင်ရှားပြီး ထူးထူးခြားခြား အခြားသမင်တွေနဲ့ မတူဘဲ သည်းခြေအိတ် ပါရှိပါတယ်။ အရွက်နုများ ၊ အသီးအနှံများ ၊ ငှက်ပျောသီး နဲ့ ပျားရည်စီးပင်တွေကို စားသုံး‌ကြပါတယ်။ လူ‌သူကင်းရှင်းတဲ့ တောနက်‌ပိုင်းတွေမှာ တိတ်တဆိတ် နေထိုင်တတ်ပြီး Siberian musk သမင်အထီးတွေရဲ့ ဝမ်းဗိုက်အရေပြားက pod မှ ရရှိတဲ့ ဂလင်းဟာ နှလုံး ၊ အာရုံကြော နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/e2/e2d2ce85fe44c6f54cfe12499f122610defa8949.jpg

အခြားရနံ့တွေနဲ့ မတူတဲ့ ထူးခြားတဲ့ မွှေးရနံ့ကြောင့် သားရဲတိရစ္ဆာန်တွေအကြိုက်ဖြစ်လာပြီး အမြဲတစေ ပုန်းကွယ်ရှောင်ပြေးနေတတ်တဲ့ သနားစရာ သမင်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ သွားစွယ်တွေကြောင့် သွေးစုတ်ဖုတ်ကောင်သမင်လို့လည်း ခေါ်ကြပါသေးတယ်။ Siberian musk သမင်တွေရဲ့ ဂလင်းဟာ လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် အမဲလိုက်မုဆိုးတို့ မျက်စိကျစရာ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှု ၊ ရာသီဥတုဖောက်ပြားမှု ၊ လူတို့ရဲ့ စည်းကမ်းမဲ့ အမဲလိုက်သတ်ဖြတ်မှုတွေကြောင့် Siberian musk သမင်များစွာ သေဆုံးခဲ့ရပြီး ဆိုက်ဘေးရီးယားမှာ အကောင်ရေ ၂၃၀၀၀၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Siberian husky သမင်တွေဟာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ လူတွေအတွက် အကျိုးကျေးဇူးတွေ သယ်ဆောင်ပေးတဲ့ ချစ်စရာ သမင်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/5f/5f9f22934a13d91bc26e83bf5d383e35265112b7.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T