မျက်လုံး ၂၄ လုံးပါတဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး jellyfish

//s9.kh1.co/1c/1c6d6ef2fe6de7a04c51a4081ff270b1ddca23f2.jpg
MPT

 ၂၀-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၃ ရက် က

မျက်လုံး ၂၄ လုံးပါတဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး jellyfish

ကုဗပုံသဏ္ဍာန်ကိုယ်ထည်ကြောင့် box jellyfish လို့ခေါ်တဲ့ ရေခူကို အပူပိုင်း အင်ဒို - ပစိဖိတ်ဒေသ ၊ အတ္တလန္တိတ်အပါအဝင် အပူပိုင်းဒေသပင်လယ်ပြင်တွေမှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။ ဘောက်ရေခူ‌တွေဟာ ဒီရေတောများ ၊ သန္တာကျောက်တန်းများ ၊ ကက်ပင်တောများ နဲ့ သဲသောင်ပြင်တွေလို ကမ်းနဲ့ နီးကပ်တဲ့ရေစပ်တွေမှာ အများအားဖြင့် နေထိုင်ကြပါတယ်။ box jellyfish မျိုးခွဲပေါင်း ၅၀ ကျော်ရှိပြီး အဆိပ်အပြင်းဆုံး jellyfish မျိုးစိတ် ပဲ ဖြစ်ပါတယ်။ ကုဗပုံ ခန္ဓာကိုယ် ၊ အကြည်ရောင်ဖြစ်နေတဲ့ ကိုယ်တွင်း ၊ ရှည်လျားတဲ့ ခန္ဓာကိုယ်ရဲ့အမျှင် တွေကြောင့် အပြင်ပိုင်းကြည့်မယ်ဆိုရင်တော့ အတော့်ကို ချစ်စရာကောင်းတဲ့ ‌ရေခူတစ်မျိုး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/5c/5c95e5d46fb66550bff9f9cdccb5d035b6841c71.jpg

ဘောက်ရေခူတွေရဲ့ ကိုယ်ခန္ဓာအောက်က အမျှင်ရှည် တွေမှာ ပြင်းထန်တဲ့ အဆိပ်ဓာတ်ရှိပြီး ကမ်းစပ်နားတွေမှာ နေထိုင်တတ်တာကြောင့် မကြာခဏ လူတို့ အဆိပ်မိခဲ့ရပါတယ်။ Box jellyfish တွေရဲ့အဆိပ်ဟာ လူသား‌တို့ရဲ့ အာရုံကြော နဲ့ နှလုံးကို တိုက်ရိုက် ထိခိုက်တာကြောင့် အဆိပ်မိပြီး ၅ မိနစ်အတွင်းကို နှလုံးရပ်ပြီး သေဆုံးနိုင်ပါတယ်။ ဒီ‌ ဂျယ်လီငါးတွေဟာ ပျမ်းမျှ ၃ လဝန်းကျင်သာ အသက်ရှင်သန်နိုင်ကြပြီး သူတို့ရဲ့ အဆိပ်ဟာ ရှည်လျားတဲ့ ခန္ဓာကိုယ်အောက်ဘက်က အမျှင်ရှည်တို့ ပါရှိပါတယ်။ အကောင်နဲ့မလိုက်အောင် သန်မာကြတဲ့ Box jellyfish တွေဟာ တစ်စက္ကန့်ကို ၁.၅ မီတာအထိကို သွားနိုင်ကြပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ချက်လည်း ရှိပါသေးတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/25/2557afd6dc2e450a6b79d38da0f90083cbfcab48.jpg

အဲ့ဒါကတော့ box jellyfish တွေရဲ့ လေးထောင့်ပုံ ကိုယ်ခန္ဓာရဲ့ တစ်ဖက်စီမှာ မျက်လုံး ၆ လုံး နဲ့ စုစုပေါင်း မျက်လုံး ၂၄ လုံး ပါရှိပြီး ၃၆၀ ဒီဂရီမြင်နိုင်တဲ့ ရေခူမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Box jellyfish တို့မှာ ပါရှိတဲ့ အမျှင်တို့နဲ့ ရစ်ပတ်ပြီး ရေထဲသို့ ဆွဲခေါ်တာ သေဆုံးသွားခဲ့ရတဲ့ လူပေါင်း ၅၀ မက ရှိတယ်လို့ ဆိုပါတယ်။‌ ဒါ့ကြောင့် အကောင်နဲ့မလိုက် အဆိပ်ပြင်းတဲ့ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံး အဏ္ဏဝါသတ္တဝါတစ်ကောင်ဖြစ်တဲ့ Box jellyfish ကို တွေ့ခဲ့ရင် အဝေးဆုံးက ရှောင်ပြီး အမြန်ဆုံး ပြေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရေခူတွေဟာ တစ်မိနစ်ကို ပေ ၂၀ အကွာအထိ ရောက်နိုင်တဲ့အထိ ရေကူးမြန်ကြလို့ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/e8/e80f4fe9f9227647838c78f1cabd2f136f71f75a.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T