ထူးခြားချက်တွေ အပြည့်နဲ့ ကမ္ဘာပေါ်က မပျံသန်းနိုင်တဲ့ကြက်တူရွေးကာကပေါ

//s9.kh1.co/47/47744c433d3e9b8702613cea8221466438e7e655.jpg
MPT

 ၂၀-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၁၃ ရက် က

ထူးခြားချက်တွေ အပြည့်နဲ့ ကမ္ဘာပေါ်က မပျံသန်းနိုင်တဲ့ကြက်တူရွေးကာကပေါ

ဇီးကွက်ကဲ့သို့ ဝိုင်းစက်တဲ့ မျက်နှာ နဲ့ ကြက်တူရွေးကတော့ ဇီးကွက်ကြက်တူရွေးလို့ လူသိများတဲ့ ကာကပေါ ကြက်တူရွေးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ အစိမ်းရောင့်ရောင် အမွှေးရှည်တွေကြောင့် ရေညှိကြက်တူရွေးလို့လည်း ခေါ်ကြပါတယ်။ ကာကပေါကြက်တူရွေးတွေဟာ နယူးဇီလန် ရဲ့ သစ်တောတွေမှာ အများဆုံး နေထိုင်ကြပြီး သဲသောင်ပြင် နဲ့ ကမ်းရိုးတန်းဒေသတွေမှာလည်း နေထိုင်ခဲ့ကြပါတယ်။ မီးခိုးရောင်နှုတ်သီးကြီးများနဲ့ ရေညှိကြက်တူရွေးတွေဟာ ကမ္ဘာပေါ်က တစ်ခုတည်းသော မပျံသန်းနိုင်တဲ့ ကြက်တူရွေးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဇီးကွက်ကြက်တူရွေးတွေဟာ အရှည် ပျမ်းမျှ ၆၄ စင်တီမီတာ ( ၂၅ လက်မ ) ဝန်းကျင်ရှိပြီး ကမ္ဘာပေါ်က အလေးဆုံး ကြက်တူရွေးမျိုးစိတ်လည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/a0/a04b6e6b3805dafaba967dd64b12107331a60d4a.jpg

ကာကပေါကြက်တူရွေးတွေဟာ မပျံသန်းနိုင်ပေမယ့် အ‌ကျွမ်းကျင်ဆုံး တောင်တက်သမားတွေဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ ခြေသည်းတွေဟာ မြင့်မားတဲ့ သစ်ပင်ပေါ်တွေထိ တက်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီကြက်တူရွေးတွေ ကောင်းမွန်တဲ့ အနံ့ခံအာရုံရှိပြီး သူတို့ကိုယ်တိုင်မှာလည်း ထူးခြားတဲ့ အနံ့တစ်ခု ပါရှိပါတယ်။ ဒီထူးခြားတဲ့ ကိုယ်ပိုင်အနံ့ကြောင့် ကာကပေါကြက်တူရွေးတွေဟာ တောရိုင်းကောင်တွေရဲ့ ပစ်မှတ် ဖြစ်နေတတ်ပါတယ်။ နယူးဇီလန်ရှိ သစ်တောတွေမှာ အစုလိုက်ပေါက်လေ့ရှိတဲ့ rimu ပင်ရဲ့ အသီးကို အလွန်ကြိုက်ကြပြီး 1984 ခုနှစ် လေ့လာချက်တွေအရ ကာကပေါကြက်တူရွေးတွေစားသုံးတဲ့ အပင်မျိုးစိတ် 25 မျိုးရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/40/407f4af0adfd2ef2cfc855b31b744cab7a338daa.jpg

ဒီကြက်တူရွေးတွေဟာ နှစ်စဉ် ပုံမှန်မျိုးပွားတာမျိုးမရှိတဲ့အတွက် အခြားငှက်တွေထက် မျုးပွားနှုန်းအနိမ့်ဆုံးငှက်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ မပျံသန်းနိုင်ခြင်း ၊ လူသားဦးရေများစွာတိုးများလာပြီး သစ်တောများ ဖျက်စီးခံရခြင်း ၊ စည်းကမ်းမဲ့ဖမ်းဆီးခြင်း နဲ့ တောရိုင်းတရစ္ဆာန်တွေရဲ့ အမဲလိုက်အန္တာရာယ်တို့ကြောင့် ကာကပေါကြက်တူ‌ရွေးအကောင်ရေ များစွာ လျော့ကျခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိ‌တဲ့ ကာကပေါကြက်တူရွေးအကောင်ရေ ၂၄၇ ကောင်သာ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထူးခြားချက်တွေပြည့်နေတဲ့ နယူးဇီလန်ရဲ့ ကာကပေါကြက်တူရွေး‌ တွေကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T