အရသာရှိပြီးခံတွင်းတွေ့စေမဲ့ ကြာဆံကြော်စပ်စပ်

//s9.kh1.co/da/dadb14f6ae17d3d5dd565ee94fcc83b336b0a7e3.jpg
MPT Lifestyle

 ၀၉-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၆ လ က

အရသာရှိပြီးခံတွင်းတွေ့စေမဲ့ ကြာဆံကြော်စပ်စပ်

ကြာဆံကြော်၊ခေါက်ဆွဲကြော်ဟာအလွယ်တကူလုပ်စားရလို့ရတဲ့အစားအစာတစ်မျိုးဖြစ်လို့လူတော်တော်များများကြိုက်ကြမယ်ထင်ပါတယ်။ ဒါ့အပြင်အချို့ကလည်း ကြာဆံကြော်၊ ခေါက်ဆွဲကြော်တွေကိုအရမ်းကြိုက်ပြီးဝယ်စားရတာမဝဘူးဆိုတဲ့သူတွေရှိမယ်ထင်ပါတယ်။ဘယ်လိုပင်ဆိုစေ ဒီတစ်ခါတော့ကြာဆံကြော်ကြိုက်သူတွေအတွက်အရသာရှိတဲ့ကြာဆံကြော် ကြော်နည်းလေးပြောပြပေးမှာဖြစ်ပါတယ်

ကြာဆံကြော် ကြော်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့-

ဆန်ကြာဆံ (ရေနွေးပူပူဖြင့်စိမ်ထားပါ)

ကြက်ဥ၊ဂေါ်ဖီထုပ်အနည်းငယ်

မုန်လာဥနီ၊ပဲပင်ပေါက်အနည်းငယ်

ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်

နံနံပင်၊ငရုပ်သီးစိမ်း တို့လိုအပ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/2a/2a105d82c1608517bbb9085d7f046fd9d3edbb83.jpg

ရေနွေးစိမ်ထားသောကြာဆံအိပါက ဆယ်ယူကာရေစစ်ထားပြီး ဆား၊အရသာမှုန့်၊ပဲငံပြာရည်၊ ဆီ အနည်းငယ်တို့ထည့်ကာခပ်ဖွဖွနယ်ထားပါ။ဂေါ်ဖီထုပ် နဲ့ ဥနီကိုရေစင်အောင်ဆေးကာ ပါးပါးလှီးထားပါ။ ငရုပ်သီးနဲ့ကြက်သွန်ဖြူကိုလည်းရေဆေးကာဓားဖြင့်နုတ်နုတ်စင်းထားပါ။ ကြက်သွန်မြိတ်၊နံနံပင်တို့ကို လည်းရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ကာ ပဲပင်ပေါက်ကို ရေစင်အောင်ဆေးကာ ရေစစ်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/59/5905c8a655a6c705fea2325d630ff523f8d8d7ab.jpg

ပန်းကန်တစ်လုံးထဲသို့ ဆား၊သကြား၊ပဲငံပြာရည်၊ခရုဆီ၊ ဟင်းခက်မှုန့်တို့ကိုအနည်းငယ်စီ ထည့်ကာအနှစ်ဖျော်ထားပါ။ကြက်ဥကိုလည်းမိမိနှစ်သက်ရာအတိုင်းကြော်ထားပါ။ ဒယ်အိုးမှာဆီထည့်ပြီး ကြက်သွန်ဖြူ၊  ငရုပ်သီးတို့ထည့်ကာဆီသတ်ပါ။ကြက်သွန်ဖြူအနံ့သင်း လာပါက ပဲပင်ပေါက်၊ဂေါ်ဖီ၊ဥနီတို့ကိုအစဉ်အတိုင်းထည့်ကာအနည်းငယ်နွမ်းအောင်ကြော်ပါ။အသီး၊အရွက်များနွမ်းလာပါက အရသာသွင်းထားသောကြာဆံ၊အရသာစပ်ထားသော အနှစ်တို့ထည့်ကာမိနစ်အနည်းငယ်ခန့် ကြော်ပါ။မိနှစ်အနည်းငယ်ခန့်ကြော်ပြီးနောက်အရသာအပေါ့အငံမြည်းကာ ကြက်ဥကြော်၊နံနံမြိတ်၊ကြက်သွန်မြိတ်တို့ကို နှစ်သက်သလိုထည့်ကာသုံးဆောင်နိုင်ပါပြီ

https://s9.kh1.co/__image/w=650,h=342,q=100/48/48b806a91bf9b465976b089cbc086ad12472b5e2.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T