လက်ရှိ အင်တာမီယာမီ စူပါးစတားတစ်ယောက်ဖြစ်နေတဲ့ ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီဟာ ဖလော်ရီဒါပြည်နယ်မှာ ဒေါ်လာ ၁၀.၇၅ သန်းတန်ကြေးရှိတဲ့ ကမ်းနားအိမ်သစ်တစ်လုံးကို ဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။



အဆိုပါ နေအိမ်ဟာ ၁၀,၅၀၀ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ ရေကူးကန်၊ ကားသုံးစီးပါ ဂိုထောင်၊ အားကစားခန်းမ ၂ ခန်း အပါအဝင် ဇိမ်ခံပစ္စည်းများ အများအပြားလည်း ပါရှိပါတယ်။ တကယ်လို့ အဆိုပါ အိမ်သစ်ကို ဝယ်ယူခဲ့တယ်ဆိုရင် မက်ဆီရဲ့ ၄ အိမ်မြောက် နေအိမ်သစ်ဖြစ်လာမှာပါ။ အခုဝယ်ခဲ့တဲ့ အိမ်သစ်ကနေ အင်တာမီယာမီအိမ်ကွင်းကို မိနစ်အနည်းငယ်ပဲ သွားရပါတယ်။



မက်ဆီရဲ့ အိမ်သစ်ဟာ ၁၉၈၈ ခုနှစ်က ဆောက်လုပ်ထားတာပြီး ၂၀၂၂ ခုနှစ် မေလပိုင်းလောက်မှာ ဒစ်ကာဆင် မိသားစုက ၃၂၁.၉ သန်းဖြင့် နောက်ဆုံးဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - The Sun