ဒီနေ့မနက် အမေရိကန်နိုင်ငံ၊ Las Vegas ရဲ့ Allegiant stadium မှာ ကျင်းပတဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်ကို (၂-၃) ရလာဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။ ဒီရှုံးပွဲဟာ ယူနိုက်တက်အတွက် ရာသီကြိုခြေစွမ်းပွဲအတွင်း (၃) ကြိမ်မြောက် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ဖြစ်ပါတယ်..။
![https://s9.kh1.co/__image/w=640,h=427,q=100/db/db799d5f4f116549e700ec9b0f35601e5e353324.jpg](https://s9.kh1.co/__image/w=640,h=427,q=100/db/db799d5f4f116549e700ec9b0f35601e5e353324.jpg)
ပထမပိုင်း မိနစ် (၂၀) ကျော်မှာ Dalot ရဲ့ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နိုင်ပေမယ့် မိနစ် (၄၀) ကျော်မှာ Malen ရဲ့ သွင်းဂိုး (၂) လုံးကို ဆက်တိုက်ဆိုသလို ခွင့်ပြုပေးခဲ့ရပါတယ်။ ပထမပိုင်းမှာ ဒေါ့မွန်တို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာ ပေါင်သန်း (၁၀၀) တန် Antony ရဲ့သွင်းဂိုးနဲ့ ယူနိုက်တက်တို့ ချေပဂိုးထပ်မံရရှိခဲ့ပါတယ်။ သို့ပေမယ့် မိနစ် (၇၀) ကျော်မှာ Moukoko ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် ယူနိုက်တက်တို့ ရာသီကြိုပွဲစဥ်သုံးပွဲဆက် အရေးနိမ့်ခဲ့ရပါတယ်။
![https://s9.kh1.co/__image/w=650,h=813,q=100/d2/d27da6e5c010c3dcef8b684649a8d4f71ba80b83.jpg](https://s9.kh1.co/__image/w=650,h=813,q=100/d2/d27da6e5c010c3dcef8b684649a8d4f71ba80b83.jpg)
![https://s9.kh1.co/__image/w=620,h=413,q=100/e5/e5b5e2ace359c080ffaeeddc0e9bc25bd223bf25.jpg](https://s9.kh1.co/__image/w=620,h=413,q=100/e5/e5b5e2ace359c080ffaeeddc0e9bc25bd223bf25.jpg)
ယူနိုက်တက်အနေနဲ့ ဂိုးသမားအိုနာနာကို ခေါ်ယူပြီးနောက်ပိုင်း တစ်ပွဲမှနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ပထမဆုံးခြေစွမ်းပွဲအဖြစ် အာဆင်နယ်ကိုသာ အနိုင်ရရှိထားပြီး Wrexham၊ Real Madrid နှင့် Dortmund တို့ကို ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ ဒီခြေစွမ်းတွေအရ ရာသီသစ်အတွက် ယူနိုက်တက်တို့အဆင်သင့်မဖြစ်သေးဘူးဆိုတာ သုံးသပ်လို့ရပါတယ်..။
![https://s9.kh1.co/__image/w=576,h=324,q=100/66/66137d8cb08228c980f3f0219a29fe5514e95faa.jpg](https://s9.kh1.co/__image/w=576,h=324,q=100/66/66137d8cb08228c980f3f0219a29fe5514e95faa.jpg)