ချစ်ရသူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ ဘာနာဒိုဆေးဗား...

//s9.kh1.co/1d/1d8774ed648d6167835584faaf6cc64bd71f7fc6.jpg
အားကစားသတင်းများ

 ၀၃-လိုင်-၂၀၂၃ ၆pm · လွန်ခဲ့သော ၁၀ လ က

လက်ထပ်လိုက်လို့ ခြေစွမ်းတော့ပျောက်မသွားစေနဲ့ပေါ့..

မန်စီးတီးအသင်း Treble Winner ရရှိအောင် အဓိကနေရာက ကူညီစွမ်းဆောင်ပေးတဲ့ ဘာနာဒိုဆေးဗားဟာ မော်ဒယ် Ines Tomaz နဲ့ မနေ့ကလက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲအခမ်းအနားကို ပေါ်တိုမှ ၁၂၀ ဟက်တာအကွာမှာရှိတဲ့ Hilltop Hotel မှာ ကျင်းပခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=792,q=100/b2/b2dbd5cdeea9393a4a755e2f84d0f7fedc6d8688.jpg

အခမ်းအနားပွဲမှာ အသင်းဖော်တွေဖြစ်တဲ့ ရူဗင်ဒီယက်၊ ဝေါ်ကာ၊ မာရက်စ်နှင့် ကန်ဆယ်လိုတို့ တက်ရောက်ခဲ့ကြပါတယ်။ လတ်တလောမာရက်စ်က ဆော်ဒီကလပ်မှာပြောင်းရွှေ့ဖို့နီးစပ်နေပြီး ဝေါ်ကာက ဘာယန်ကိုရောက်ရှိနိုင်ပါတယ်။ ကန်ဆယ်လိုကတော့ ဘာယန်မှာဆက်ရှိနေမှာဖြစ်ပြီး အသင်းဖော်တွေရဲ့ နောက်ဆုံးတွေ့ဆုံမှုလို့ ပြောရမှာပါ။

https://s9.kh1.co/__image/w=634,h=849,q=100/bd/bd01300176f741002713c63cdfc1653211a56977.jpg

အသက် ၂၈ နှစ်အရွယ် ဘာနာဒိုဆေးဗားဟာ ၂၅ နှစ်အရွယ် Ines Tomaz ကို လွန်ခဲ့တဲ့နှစ် မေလကတည်းက လက်ထပ်ခွင့်တောင်းထားပြီး ဖြစ်ပါတယ်။ Ines Tomaz မှာ ပေါ်တူဂီနိုင်ငံရဲ့မြို့တော် Lisbon ဒေသမှာ မွေးဖွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=704,q=100/99/99223ad80ffb2017e87210df136b904f265079e9.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T